*18* ချယ်ရီသီးလေး

12.5K 1.9K 13
                                    

ယင်ထောင်က ဆန်ပြုတ်ကို ကုန်အောင်မြန်မြန်စားပြီး စိတ်လှုပ်ရှားစွာနဲ့ ရုန်ဟွမ်ကိုဆွဲခေါ်ကာ အခန်းထဲကနေပြေးထွက်သွားတော့သည်။

လေ့စိုင့်ကလည်း ဓားရဲ့စွမ်းအားကိုမျက်မြင်တွေ့ချင်တာကြောင့် သူပါလိုက်သွား၏။

ယင်ထောင်တက်ရောက်နေတဲ့ ဟိုင်ရှန်းကျောင်းတော်က နံပါတ်၁ ကျင့်ကြံရေးဂိုဏ်းကြီးဖြစ်တဲ့ ကျိုရွှီဂိုဏ်းက ဆရာသခင်ထိုက်ရွှီ တည်ထောင်ထားတာဖြစ်သည်။ ဒီကျောင်းတော်က ကျင့်ကြံရေးနည်းလမ်းတွေ လေ့ကျင့်သင်ကြားဖို့အတွက် ၁၀နှစ်အောက်ကလေးတွေကိုသာအဓိကလက်ခံပြီး ထိုကလေးတွေထဲကမှ ထိပ်တန်းတပည့်တွေက ကျိုရွှီဂိုဏ်းရဲ့ရွေးချယ်ခြင်းခံရသည်။ ကျောင်းတော်မှာကလေးတွေကိုသင်ကြားပေးဖို့အတွက်လည်း များသောအားဖြင့်တော့ ကျိုရွှီဂိုဏ်းက ကျင့်ကြံသူတွေကိုဖိတ်ကြားလေ့ရှိ၏။

ဒါကြောင့် ထောင်နဲ့ချီတဲ့ကလေးတွေက ကျင့်ကြံခြင်းလမ်းစဥ်တွေလေ့ကျင့်သင်ကြားဖို့အတွက် ကျောင်းတော်မှာစုပြုံတက်ရောက်ကြပြီး တစ်ချို့ဆိုရင် ကျင့်ကြံသူတွေကသူတို့ကိုသတိပြုမိပြီး ဂရုစိုက်ပေးအောင်လို့ တံစိုးလက်ဆောင်တွေတောင်ပေးကြပြီး အကုန်လုံးကတော့ ကျိုရွှီဂိုဏ်းရဲ့ ရွေးချယ်ခြင်းခံရဖို့ မျှော်လင့်ကြလျှက်ရှိသည်။ သူတို့တွေက ရွေးချယ်ခြင်းမခံရဘူးဆိုရင်တောင်မှ ဂိုဏ်းကကျင့်ကြံသူတွေရဲ့ ညွှန်ကြားမှုအောက်မှာသာဆိုရင် သူတို့လေ့ကျင့်မှုက အလျှင်အမြန်တိုးတက်နိုင်၏။

ယင်ထောင် ကျောင်းတော်ကိုရောက်ပြီး.သူ့ဆရာသခင်ရဲ့တပည့်အကြီးဆုံး ကျင်းထုံကို သူ့ဓားအပ်လိုက်ပြီးနောက်မှာတော့ ရုန်ဟွမ်နဲ့ လေ့စိုင့်က အခန်းအပြင်မှာရပ်စောင့်နေ၏။

ဟိုင်ရှန်းကျောင်းတော်က အသက်၅နှစ်အောက်တပည့်တွေဆိုရင် ကျောင်းကိုအဖော်ခေါ်လာခွင့်ရှိသည်။ ဒါပေမဲ့ သူတို့တွေက အပြင်ဘက်မှာသာ စောင့်နေခွင့်ရှိသည်။

ယင်ထောင်ရဲ့ လက်နက်ကို လက်ခံလိုက်ရတဲ့အချိန်မှာ ကျင်းထုံရဲ့မျက်လုံးတွေထဲမှာ လှောင်ပြောင်မှုအရိပ်အယောင်တွေဖြတ်ပြေးသွား၏။ သူ့ဆရာက ယင်ထောင်ကို သူ့ရဲ့မြင့်မားလှတဲ့ပါရမီနဲ့ အလားအလာတွေကြောင့် အမြဲချီးကျူးလေ့ရှိသည်။ ဒါပေမဲ့ ယင်ထောင်လုပ်လာတဲ့ဓားက အဆင့်သတ်မှတ်လို့မရတဲ့အပြင် သူ့ပုံက တော်တော်ကိုရွံစရာကောင်းတာမှ ချီးပုံလိုဘဲ...။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now