*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်

12.4K 1.8K 7
                                    

ရုန်ယိနဲ့ ရုန်စု ပိလော့ခြံဝန်းအတွင်းဝင်လာတဲ့အချိန်မှာ ရှင်းဟယ်က ခေါင်မိုးပေါ်မှာထိုင်ပြီး အရက်သောက်ရင်း မြေပဲစားနေခဲ့တာဖြစ်သည်။

ရှင်းဟယ် သူတို့ကို သာမန်ကာလျှံကာတစ်ချက်သာကြည့်လိုက်ပြီး သူတို့ ယင်ကျင်းရဲ့ ရဲ့စာကြည့်ခန်းထဲဝင်သွားတာကို မတားခဲ့ပေ။

ယင်ကျင်းရဲ့က သူတို့ခြေသံကိုကြားသော်လည်း အကြည့်တစ်ချက်တောင်ပေးမလာဘဲ စာအုပ်ကိုသာဖတ်နေသည်မှာ မသိရင် စာအုပ်ကသာသူ့အတွက် ကမ္ဘာကြီးဖြစ်နေသကဲ့သို့ပင်။

တံခါးဝကနေ အထဲကအေးတိအေးစက်မျက်နှာနဲ့ ယောက်ျားကိုတွေ့လိုက်ရတဲ့အခါ ရုန်ယိ မျက်မှောင်ကြုတ်သွားသည်။ သူသိထားတာကတော့ တစ္ဆေကျင့်ကြံသူတွေအကုန်လုံးက သူတို့ဝိညာဥ်တွေကျင့်ကြံပြီး ပုံပေါ်မလာခင်မှာ သူတို့ရဲ့မူလခန္ဓာကိုယ်ကိုစွန့်ခွာကြလေ့ရှိသည်။ ကောင်းကင်ဘုံရဲ့ မိုးကြိုးစမ်းသပ်ချက်ကိုခံယူပြီး ထာဝရမသေမျိုးတွေဖြစ်မလာခင်မှာ သူတို့တွေရဲ့ ခန္ဓာကိုယ်က သာမန်လူတွေနဲ့ တစ်ပုံစံတည်းဖြစ်သည်။ ဒါပေမဲ့ တစ်ကယ်တမ်းမှာတော့ သူတို့တွေက ချစ်ခြင်းမေတ္တာ ၇မြိုး နဲ့ ဆုံးဖြတ်မှု ၆သွယ် ပျောက်ဆုံးနေကြ၏။ သူတို့တွေက မိသားစုချစ်ခြင်းမေတ္တာ ၊ သူငယ်ချင်းအချင်းချင်းကြားကချစ်ခြင်းမေတ္တာနဲ့ ချစ်သူတွေကြားကချစ်ခြင်းမေတ္တာတွေကို မခံစားတတ်ကြပေ။

ဒါကြောင့်လည်း ယင်ကျင်းရဲ့ ကိုကိုင်တွယ်နိုင်ဖို့ကမလွယ်ကူလှပေ။ သူသာအတင်းအကြပ်တွန်းအားသွားပေးမိလျှင် ယင်ကျင်းရဲ့က သူဘယ်သူဆိုတာနဲ့ သူကိုယ်ဝန်ရှိနေတယ်ဆိုတာတွေကိုတောင် ဂရုမစိုက်တော့ဘဲနဲ့ ချက်ချင်းကန်ထုတ်ပစ်လိုက်လိမ့်မည်။ အကယ်၍ သူနဲ့လုံလုံလောက်လောက် မနီးကပ်နေခဲ့ရင်လည်း သူက သူ့ကိုထာဝရကိုလျစ်လျူရှုထားလိုက်လိမ့်မည်။

အထဲဝင်ဖို့မဖိတ်ခေါ်သေးတာကြောင့် ရုန်ယိ တံခါးဝမှာ ၁၀မိနစ်လောက်မတ်တပ်ရပ်နေလိုက်ရသည်။ နောက်တော့ ရုန်ယိ တံခါးကိုခေါက်လိုက်သည်။
"ယင်ကျင်းရဲ့ ကျွန်တော်အထဲဝင်လာပြီနော်.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now