( 4 )

1K 96 7
                                    

Unicode

ရထားဘူတာရောက်လို့ ရထားဆိုက်တာနဲ့ လူတွေက ရုတ်ရုတ်.. ရုတ်ရုတ်နဲ့ ဆင်းဖို့ပြင်တော့ Taehyung အသာ စောင့်ဆင်းရန်ပြင်လိုက်ပေမဲ့
မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကြောင့်သေချာ စူးစမ်းကြည့်လိုက်တော့..

ခုနက ပေစုတ်စုတ်ကလေး သုံးယောက်က ဘူတာထဲသို့ ဆင်းရန် တိုးဝေ့နေကြတဲ့ လူတွေထဲမှ မသိမသာနဲ့ ပိုက်ဆံအိတ်ကို နှိုက်ရန် ပြင်နေကြသည်. တစ်ယောက်ကို တစ်ယောက် မျက်စပြစ်ကာဖြင့် အပေးအယူမျှမျှချိန်ညှိကာ တစ်ဖက်လူကြီးရဲ့ အိတ်ကို ဓားနဲ့ မသိသာဖျက်နေသည်.
တစ်ဖက်လူက မသိစွာ လူတွေကြားတိုးဝေ့ကာ ဆင်းသွားသည်..

Taehyung လည်း အရှေ့က ကလေးတွေကို တစ်ချက်ငေးကာ မက်တပ်ထရပ်လိုက်ပြီး ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ ဆင်းရန် ထွက်လာလိုက်သည်..

မျက်နှာကို အောက်ဆိုက်ငုပ့်ထားကာ ဦးထုပ်ကိုလုံနေအောင် ခပ်ငိုက်ငိုက်ဆောင်းထားတာမို့ သူဘယ်သူလည်းဆိုတာ လူတွေ သတိမထားမိလောက်ပေ..

ခဏနေကြတော့ ကလေးသုံး​ယောက်ထဲက ခပ်သေးသေးတစ်ယောက်က အနားရောက်လာပြီး

" မြေအောက်ရထားဆီရတာ မလွဲပါဘူး.. လူကြပ်က ကြပ်နဲ့ "

စကားတပြောပြောနဲ့ အာရုံလာနောက်သော ကလေးကြောင့် Taehyung ဟန်ပါပါ ပြုံးလိုက်မိသည်..

မကြာပါဘူး အနောက်က ကလေးတစ်ယောက်က ပိုက်ဆံအိတ်ကိုမသိမသာ ယူထုတ်ပြီးကာမှ

" ကလေးဆိုပြီးတော့လည်း ဦးစားပေးမယ်မရှိ.. လူကြီးတွေများ တကိုယ်ကောင်းဆန်ချက်.. အဟမ်း ဆင်းရအောင်ကွာ လူကြပ်တော့ အနံ့အသက်ကို သည်းမခံနိုင်တော့ဘူး "

နောက်ဆုံးကလေးတစ်ယောက်က ကြီးကြီးကျယ်ကျယ်စကားတွေပြောပြီး သူ့သူငယ်ချင်းတွေကိုခေါ်ကာ ဆင်းသွားကြသည်

Taehyung လည်းသူတို့ဆင်းသွားသော နေရာကို မသိမသာ အနောက်ကနေ လိုက်သွားတော့ ခပ်စုတ်စုတ် ရပ်ကွက်လေးကို တွေ့ရသည်..

လမ်းကြားအသေးလေးထဲ ဝင်သွားတာ တွေ့တော့ အဆုံးထိ လိုက်မကြည့်တော့ဘဲ ထွက်သွားဖို့ ပြင်ပြီး လှည့်ထွက်လာလိုက်သည်

" Gold & Pink & Kim " [ Completed ] Where stories live. Discover now