( 15 )

642 48 13
                                    

Unicode

" Kim ~ မနက်ရိုက်ကူးရေးပြီးထဲက အိပ်ယာထဲလှဲနေတာ နေမကောင်းဘူးလား "

ညလုံးပေါက်မအိပ်ခဲ့ရတဲ့ဒဏ်ရယ် ပြီးတော့ အသွေးအသားချင်းနှီးနှောထားတဲ့ဒဏ်ရယ်ကြောင့် လူကဖျားချင်ချင်ဖြစ်နေသည်. ဒါ့အပြင်ဟိုဗိုလ်ကြီးအိမ်ကနေ ပြန်ရောက်ထဲက မနက်ပိုင်းအချိန်ဇယားက အလုပ်တွေကိုအပြီးသတ်နေတာကြောင့် အခုတော့သူခြေကုန်လက်ပန်းကျသွားလေပြီ..

" ဖျားချင်နေရုံဘဲ Ji ~ ရတယ် "

Ji က နဖူးစမ်းလိုက် လက်ဖဝါးကိုကိုင်ကြည့်လိုက်လုပ်နေသည်. ဒီလိုဆို တော်ရုံနဲ့ Ji က အလုပ်ပြန်လုပ်ဖြစ်မှာမဟုတ်တော့ဘူးမို့ သက်သက်သာသာ သာပြောလိုက်ရသည်

" ဒါဆိုလည်း အိပ်လိုက်အုံး Kim "

Kim ကသာ ဖျားချင်ရုံလို့ပြောပေမဲ့ မြင်နေရတဲ့လူက သူပစ်လဲတော့မယ်ဆိုတာကိုသိသည်.. တစ်ညလုံးပျောက်သွားသည် ..မိုးလင်းတော့ ရိုက်ကူးရေးဆီရောက်နှင့်ပြီးသား.. အဲ့ဒါအဖြေကတစ်ခုဘဲ ရှိတယ်.. Jung ဆီသွားခဲ့တာ.. လည်ပင်းမှာ မသိမသာနီနေတဲ့အရာတွေ

ဟာ့ ငါ့ခေါင်းတောင်ငါရိုက်ခွဲချင်လာပြီး
ငါရူးချင်လာပြီး Kim ရဲ့
ငါက မင်းကိုချစ်လို့ ရူးချင်လာပြီး.. တောက်ခ်

ဒေါက် ဒေါက် 💢
တံခါးခေါက်သံကြောင့် စိတ်တိုတိုနဲ့ တံခါးဖွင့်လိုက်တော့ ..

မန်နေဂျာကြီး ဖြစ်နေသည်.. လာရင်းကိုမေးငေါ့ပြလိုက်တော့

" CEO က Taehyung ကိုခေါ်နေပါတယ် "

" ဘာလို့လဲ? ! "

" ဒီမှာပါ "

မန်နေဂျာကြီးက သူ့ဖုန်းကိုဖွင့်ကာပြလာသော သတင်းတစ်ပုဒ်ကိုကြည့်လိုက်တော့

/ Titan အဖွဲ့ဝင် Kim Taehyung နဲ့ အစိုးရဝန်ထမ်းအမျိုးသားတစ်ဦးရဲ့ စိတ်ဝင်စားစရာ Dating News / ဆိုတဲ့ခေါင်းစဥ်နဲ့ ဓာတ်ပုံတစ်ချို့

ပုံတွေထဲမှာ Kim နဲ့တစ်ခြားယောက်ျားတစ်ယောက်နဲ့ပုံက မသိမသာခပ်ဝါးဝါးလေးဖြစ်သည် .ဒါကမသိတဲ့လူဆိုရင်တော့ မသိသာပေမဲ့ Jung မျက်နှာကြီးမှန်းသိနေတဲ့သူ့အတွက်တော့ အံကိုတင်းတင်းကြိတ်မိသည်
စာသားတွေကလည်း လိုအပ်တာထက်ပိုပြီးချဲ့ထွင်းရေးသားထားသည့်အတွက် ကောလဟာလဆန်ဆန် တကယ်ဆန်ဆန် ဟုတ်နိုးနိုးဖြစ်စေသည် ...ဆိုဂျူဆိုင်အထွက်တုန်းကပုံတွေဖြစ်သည်..

" Gold & Pink & Kim " [ Completed ] Where stories live. Discover now