( 11 )

637 60 7
                                    

Unicode

" သူငယ်ချင်းလဲ မဟုတ် ရင်းနှီးတဲ့သူတွေလည်း မဟုတ်ဘူးဆိုတော့ ကိုယ်က မင်းရဲ့ဘာလဲ! "

" အဟက် !! တခါတလေတော့လဲ ခဏတဖြုတ်ရေစက်ဆုံတာလေးဘဲ ကောင်းပါတယ်! ! ခင်ဗျားရယ် "

ထိုလူရဲ့အမေးစကားတွေကို ပြန်ကြားယောင်ပြီး Taehyung ခပ်စစလေး ပြုံးကာ တစ်ယောက်ထဲယောင်လည်လည်ပြန်ပြောမိသေးသည်..

" 8 နှစ်အရွယ်ကောင်လေးတစ်ယောက်ကလည်း ပြောဖူးတယ် !! ရေစက်ခဏဘဲဆုံရအောင်တဲ့ "

အဲ့ဒီကောင်လေးကငါ့ကိုအပြတ်ပြောသွားတာ သူ့ကိုသံယောဇဥ်မတွယ်နဲ့လို့လေ

သံယောဇဥ်မတွယ်နဲ့လို့ပြောခဲ့ပြီးမှ စိုးရိမ်သလိုလို ဂရုစိုက်ခဲ့တဲ့မင်းကိုနည်းနည်းလေးတော့
စိတ်ပျက်မိတယ်

Taehyung ဝရံတာပေါ်ကနေ ညကောင်းကင်မှောင်မှောင်ကို ရှု့စားရင်း စီးကရက်ငွေ့တွေနဲ့အတူ အတိတ်က တချို့ပုံရိပ်တွေဆီသို့..

ငါတို့ 8 နှစ်အရွယ်တုန်းကပေါ့...

8 နှစ်အရွယ် ကောင်လေးတွေက ကလေးသာသာဆိုပေမဲ့ လူကြီးတွေလို ပြေးရင်းလွှာရင်း ခက်ခက်ခဲခဲရှင်သန်ခဲ့ကြဖူးတယ်

" ဆင်းရအောင်! ! မိုးတွေသည်းနေပြီး "

Bus ပေါ်ကနေ ဘေးဘက်မှန်တံခါးတွေကနေ အုံစိုင်းစိုင်း တိမ်တိုက်တွေကိုကြည့်ရင်း 8 နှစ်အရွယ် Ji ကပြောလာသည် .ထို့နည်းအတိုင်းဘဲ နောက်မှတ်တိုင်တစ်ခုမှာ သုံးယောက်သား ဆင်းနေခဲ့ကြသည်..

" ထူးဆန်းတဲ့မင်းရဲ့ Hairstyle ကြောင့်ငါတို့အလုပ်ကိုအနှောင့်အယှက်မ​ဖြစ်ချင်ဘူး .."

Bus ပေါ်ကနေ ဆင်းဆင်းချင်းဦးထုပ်ကိုချွတ်မယ်ကြံတော့ Jung ကသူ့လက်ဖဝါးဖြင့် ဦးထုပ်ပေါ် ဖိထားကာ သတိပေးသလိုပြောလာသည်

" ငါကတစ်ခါမြင်လိုက်တာနဲ့ တန်းမှတ်မိနိုင်တဲ့ ထူးခြားတဲ့သူမို့လို့လား! ! "

" မင်းရဲ့အရူးထမှုကြောင့်ပါ "

မျက်နှာပြောင်ပြောင်နဲ့မေးလာတော့ Jung ကလည်းအရွဲ့တိုက်ပြီးပြန်ဖြေလေသည်

" ကြိုပြောထားမယ်! ဒီနေ့လည်းအသားညှပ်ပေါင်မုန့်ဘဲထပ်စားရမယ်ဆို ငါသည်းခံတော့မှာမဟုတ်ဘူးနော် "

" Gold & Pink & Kim " [ Completed ] Där berättelser lever. Upptäck nu