( 18 )

494 36 2
                                    

Unicode

Alice ရဲ့ခေါ်ဆောင်မှုကြောင့် Heritage Balloon Festival ကိုရောက်လာခဲ့သည်..လူသိပ်များပြီး စည်ကားတဲ့ပွဲလည်းဖြစ်သည်.. စိတ်အနည်းငယ်ရှုပ်သွား၍ လှည့်ပြန်မယ်လုပ်တာကို Alice ကလှမ်းဆွဲပြီး ပြောသေးသည်က " အသဲကွဲပြီး အပူသည်ရုပ်ပေါက်နေလို့ ငါကပိုက်ဆံအကုန်ခံပြီးခေါ်လာတာကို ..လှည့်ပြန်ရင် ငါတကယ်ခြေထောက်ရိုက်ချိုးပစ်မယ် Jung " တဲ့.. အဲ့လိုနဲ့ ထိုကျားကျားလျားလျား မိန်းမသား Alice က ဂုတ်ကနေဆွဲပြီးခေါ်သွားခြင်းကိုခံလိုက်ရသည်..

မီးပုံးပျံကိုစီးတော့ Calgary ကသိပ်ကိုလှနေတာတော့ဝန်ခံရမည်.. ဒီမှာနေခဲ့တဲ့တစ်လျှောက်လုံး ဟိုပြေးလွှာ ဒီပြေးလွှာနဲ့ အဖေ့ဆေးဖိုးအတွက်ပိုက်ဆံအသည်းအသန်ရှာရ ..Rachel ရဲ့ပြသာနာ​တွေကိုရှင်းရနဲ့ မည်သည့်ရှုခင်းကိုမှ သေသေချာချာမခံစားဖူးတာတော့အမှန်ပါ..စောစောစီးစီး တာဝန်တွေအများကြီးကို ထမ်းထားခဲ့ရလို့ သေမတက်ပင်ပန်းတာတော့အမှန်ပင် ..ပခုံးပေါ်ထမ်းထားရတဲ့တာဝန်တွေကော ရင်ဘတ်ထဲ ဆွဲထားရတဲ့ဒဏ်ရာတွေကော များလွန်းတာမို့ အသက်ရှူချောင်တဲ့နေ့ဆိုတာမရှိခဲ့ဘူး..စိတ်နာနာနဲ့ပြောရရင် တစ်ဘဝလုံးစာအတွက် ရင်အနာဆုံးဟာ Rachel ရဲ့သားအနေနဲ့ Kim ့ဘဝထဲဖြတ်လျှောက်ခဲ့တုန်းကအချိန်ပင်..
သူအဲ့ဒီထဲက Kim ကသူ့အနီးနားကို ဝင်ခိုအောင်းခဲ့ရင်တောင် သူ့ဟာရှောင်ထွက်ခဲ့ပြီး အဝေးကနေသာအခုလိုစောင့်ရှောက်ခဲ့သင့်တာ.. အဲ့လိုသာဆို သူတို့နှစ်ယောက်ရဲ့ရေစက်လေးကအနည်းငယ် လှပနိုင်ကောင်းပါရဲ့..

" ဟေးးး Jung!  ! အသဲကွဲတာတွေ အပြစ်တင်စိတ်တွေ တာဝန်တွေ ကိုဒီပေါ်ကနေ ခဏလောက်ပစ်ချလိုက်စမ်းပါ.. နင့်ရဲ့အပူတွေကို Calgary ရဲ့အလှကအနိုင်မယူနိုင်ဘူးဆို Calgary ကနာမည်ပျက်သွားလိမ့်မယ် "

" Calgary က အမှတ်တရဆိုးတွေများလွန်းလို့ မေ့ပစ်ချင်ခဲ့တဲ့နယ်မြေဖြစ်ခဲ့တယ် ဒါပေမဲ့ သူ့ကြောင့်နဲ့ Calgary ကိုချန်မထားနိုင်ခဲ့ဘဲ ဆက်သွယ်နေခဲ့တဲ့အချိန်တွေရှိခဲ့တယ်.. "

ထိုသို့ပြောပြီး သက်ပြင်းအရှည်ကြီးချပြီး တစ်ဖက်သို့ မျက်နှာလှည့်သွားပြီး မြင်မြင်သမျှ ပုံရိပ်တချို့ကို လိုက်ကြည့်နေလေသည်.. ထိုသည်ကို Alice ကပခုံးကို ဆွဲဖက်ပြီး အရှေ့ရှုးရှုးကိုကြည့်ကာ..

" Gold & Pink & Kim " [ Completed ] Where stories live. Discover now