*20* ကလေးတွေအဖေ

11.9K 1.8K 10
                                    

သူတို့အခန်းအပြင်ဘက်ရောက်တဲ့အခါမှာ ယင်ကျင်းရဲ့ သူ့လက်သူပြန်ဆွဲယူလိုက်ပြီး ခြံပြင်ဘက်ကိုထွက်သွားတော့သည်။

ရုန်ယိကတော့ ဒါကိုစိတ်ထဲမထားပေ။ ဘာဘဲဖြစ်ဖြစ် ယောက်ျားကြီးနှစ်ယောက် လူမြင်ကွင်းမှာ လက်ချင်းတွဲထားတာက အထူးတဆန်းဖြစ်နေမှာဘဲ..။

သူသိချင်နေတဲ့ ကိစ္စတစ်ခုတော့ရှိနေသေးသည်။ ဘာလို့ ရုန်ဟွမ် ရုန်စု နဲ့ လေ့စိုင့်တို့လို လမ်းမှန်ကျင့်ကြံသူတွေက တစ္ဆေကျင့်ကြံသူတစ်ယောက်ကို အမှုထမ်းနေလဲဆိုတာ ဖြစ်သည်။

သဘာဝကျကျပြောရမယ်ဆိုရင် တစ္ဆေကျင့်ကြံသူတွေဆိုတာက သူတို့မျက်လုံးထဲမှာ လုံးဝကိုမိစ္ဆာအကြီးစားတွေဖြစ်နေရမှာဖြစ်သည်။ သာမန်အားဖြင့်တော့ လူတွေက ဒဏ်ရာပြင်းထန်စွာရပြီး ရွေးချယ်စရာလုံးဝမရှိကြတော့မှသာ တစ္ဆေကျင့်ကြံခြင်းကိုရွေးချယ်လေ့ရှိကြ၏။ သူတို့တွေကများသောအားဖြင့်  သူတို့ရဲ့ဝိညာဥ်၃ခုနဲ့ စိတ်ဝိညာဥ်၇ခုက အားနည်းနေလေ့ရှိတာတို့ ဒါမှမဟုတ်ရင် ဝိညာဥ်ဖြစ်ဖြစ် စိတ်ဝိညာဥ်ဖြစ်ဖြစ် မပြည့်မစုံဖြစ်နေတာတို့ ရှိတတ်သည်။ သူတို့ကိုယ်သူတို့ ပြည့်စုံအောင်လုပ်ဖို့ တစ်ခြားသူတွေရဲ့ ဝိညာဥ်နဲ့စိတ်ဝိညာဥ်တွေကို စုပ်ယူဖို့လိုအပ်ပြီး ဒါမှသာ သူတို့ရဲ့သေမျိုးခန္ဓာကိုယ်ရအောင်ကျင့်ကြံနိုင်မှာဖြစ်သည်။ ဒါတွေကြောင့်ဘဲ လမ်းမှန်ကျင့်ကြံသူတွေက တစ္ဆေကျင့်ကြံသူတွေကို မကောင်းဆိုးဝါးမိစ္ဆာတွေလို့ ယူဆကြတာဖြစ်၏။

တစ်ချို့တစ္ဆေကျင့်ကြံသူတွေကတော့ တစ္ဆေကျင့်ကြံခြင်းလမ်းစဥ်ကိုမစတင်ခင်မှာ သူတို့က ကြင်နာတတ်တဲ့လူတွေဖြစ်ခဲ့ကြ၏။ သူတို့က တစ်ခြားသူတွေရဲ့ ဝိညာဥ်ကိုစုပ်ယူကြတာကြောင့် တဖြည်းဖြည်းနဲ့ လမ်းမှန်ကျင့်ကြံသူတွေအတွက်တော့ မကောင်းဆိုးဝါးတွေဖြစ်လာကြသည်။ သူတို့ကဝိညာဥ်တွေကိုမစုပ်ယူခဲ့ရင်လည်း ဝိညာဥ်ပြတ်လပ်မှုကြောင့် သူတို့ကိုယ်မှာ ထိခိုက်မှု ပျက်စီးမှုတွေ ဖြစ်တတ်သည်။

တစ္ဆေကျင့်ကြံခြင်းက တစ်ခြားသောကျင့်ကြံခြင်းတွေထက်ပိုခက်ခဲ၏။ သူတို့ကအဆင့်တက်ဖို့ခက်ခဲတဲ့အပြင် အဆင့်တက်ဖို့ ကောင်းကင်စမ်းသပ်ချက်ကိုဖြတ်ကျော်တဲ့အခါမှာလည်း မိုးကြိုးစမ်းသပ်ချက်က နှစ်ဆခံရသည်။မိုးကြိုးစမ်းသပ်မှုကို အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်တဲ့ တစ္ဆေကျင့်ကြံသူကရှားပါးလှသည်။ ဒါကြောင့် ကျင့်ကြံသူအနည်းစုကသာ တစ္ဆေကျင့်ကြံခြင်းအတွက် သူတို့ရဲ့သေမျိုးခန္ဓာကိုယ်ကိုစွန့်ခွာလေ့ရှိကြ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now