REVENGE - 21

1K 124 64
                                    


UNICODE

"ဟင်...တကယ်ပြောနေတာလား"

"မဟုတ်ဘူး ငါက စနေတာ"

Kook က တွဲရအောင်လို့ ပြောကတည်းက Yoongi မေ့လဲချင်နေပြီ

ရှက်စိတ်ကြောင့် Kook ရှေ့က နေထွက်ပြေးလိုက်ချင်မိရဲ့

ခြေထောက်တစ်ဖက်ဖြင့် ဖိနပ်ထိပ်ကို ထောက်ထောက်ပြီး ကစားလျက် စိတ်လှုပ်ရှားနေသူက Yoongi

Jungkook, Yoongi ရှက်နေတာလေးကို ကြည့်ရင်းနဲ့ပင် ရင်ထဲမရိုးမရွဖြစ်လာရသည်

*ငါဘာဖြစ်နေတာလဲ ဒီတိုင်း သူ့ကိုကြည့်မရလို့ ဒီလိုခံစားရတာပဲနေမှာပါ*

"မင်းဒီတစ်သက် ပြန်ဖြေတော့မှာလား"

Yoongi ပါးပြင်လေးက ပန်းနုရောင်သန်းလျက် ပြောရရင် ပါးမို့မို့လေးက မိုချီလုံးလေးတွေလို နုနုဖတ်ဖတ်လေးတွေဖြစ်နေသေးသည်

*အဖြေတောင်းနေပုံကြီးက ကိုချစ်စရာကြီး*

Yoongi စိတ်လှုပ်ရှားစွာတွေးရင်း Jungkook ကိုအသဲယားစွာ အောက်နှုတ်ခမ်းလေးကိုကိုက်မိတယ်

Jungkook, Yoongi ရဲ့မျက်နှာလေးကို အသေးစိတ်ကြည့်နေမိတာကြောင့် လက်စားချေမယ်ဆိုတဲ့ စိတ်က ခနတာပျောက်သွားသလို

"Jung Kook က ကျွန်တော့်ကို သဘောကျလို့လား"

"အာ့တွေမလိုဘူး ဒီတိုင်း ငါမင်းနဲ့တွဲချင် စိတ်ပေါက်လာလို့"

Jungkook ဘယ်လိုပဲ ဖြေဖြေ Yoongi ကအပြုံးမပျက် ဒါက Jungkook ရဲ့ဘေးနားမှာ အနီးကပ်ဆုံးနေနိုင်မယ့် မဟာအခွင့်ရေးကြီးပဲလေ

ပြီးတော့ Jungkook နဲ့ချစ်သူဖြစ်ရင် သူ့မင်းသားလေးရဲ့သက်ဆိုင်သူ ဖြစ်လာမှာမဟုတ်ဘူးလား

Yoongi အရင်ကဖြစ်ခဲ့တာတွေကို ခေါင်းထဲက ထုတ်လိုက်ကာ Jung Suk နဲ့လည်းပြတ်သွားပြီဆိုတော့ Yoongi လက်ခံဖို့ ခေါင်းငြိမ့်ပြလိုက်တယ်

Yoongi သူ့မျက်မှန်လေးကိုပင့်တင်လိုက်ရင်း

"ကျွန်တော်လည်း Jungkook ကိုသဘောကျတယ် ပြီးတော့ အရမ်းလည်းချစ်...ချစ်"

ပြောနေတဲ့ နှုတ်ခမ်းတွေကို Jungkook ကလက်ညှိုးနဲ့ ပိတ်လိုက်တာမို့ Yoongi စကားကမထွက်နိုင်တော့

Beautiful REVENGE (Complete)Where stories live. Discover now