REVENGE - 25

968 127 53
                                    

UNICODE

ဒီနေ့က Sunday ဖြစ်တာကြောင့် ကျောင်းပိတ်သည် သို့ပေမည့်လည်း.......

Jungkook ကတော့ မနား​ရဘဲ သူ့အဖေ ကုမ္မဏီကိုရောက်နေတော့သည်

ပေါ့ပေါ့ပါးပါး အင်္ကျီပါးပါး လက်ရှည်ကိုသာဝတ်လာသည့်အတွက် မန်နေဂျာ ဆန်းချောက အတင်း Suit နက်ပြာရောင်ကိုလဲခိုင်းသည်

ကုမ္မဏီအလုပ်လုပ်ဖို့လာတာကို မသက်မသာ Suit ကြီးဝတ်ခိုင်းနေသည်က Jungkook အတွက် စိတ်အနှောက်ယှက်ဖြစ်စေသည်

ဒါပေမဲ့လည်းအလုပ်ကို စိတ်ရှည်လက်ရှည်သင်ပေးနေသည့် အန်ကယ် ဆန်းချောကြောင့်သာ ပြောချင်တာကို အောင့်ထားပြီး ကွန်ပြူတာရှေ့မှာထိုင်အလုပ်လုပ်နေလိုက်တော့သည်

ဘာရယ်ကြောင့်မသိ တစ်ချက်ချက်ဆို Jumgkook ဖုန်းဆီကိုသာ အကြည့်ခနနရောက်နေမိသည်

"အဟမ်းး!!!"

"ဘာဖြစ်လို့လဲ အန်ကယ်"

"ဘာလို့ဖုန်းကို ခနနကြည့်နေတာလဲ ကောင်မလေး ဖုန်းခေါ်မှာကို စောင့်နေတာလား ကောင်မလေးရှိနေပြီလား "

"မဟုတ်ပါဘူး ဒီတိုင်းဖုန်းကမကောင်းချင်တော့ အသစ်ဝယ်မလားလို့"

"အာ့ဆိုလည်း ကဲပါ အလုပ်ဆက်လုပ်"

"...."

*တကယ်ပါပဲ အမြဲဖုန်းဆက်နေကြ ဟိုမှန်ကြောင်က ဖုန်းဆက်မလာတာကြောင့် စိတ်ထဲနေမထိထိုင်မသာဖြစ်နေမိတာကြောင့်အမှန်ပင် သူ့ဘက်ကဆက်ရင်ရော?*

*ဆက်စရာလား ကိုယ်ကသာအနိုင်ယူချင်သူမို့ ထိုကောင်လေး ခေါ်တာကိုပဲစောင့်ရင်စောင့်မယ် လုံးဝတော့မဆက်နိုင်ပါ*

*ဆက်ရင်ရော ဘာဖြစ်သွားမလဲ?

*Jeon Jungkook ရာဇဝင်ရိုင်းသွားမှာပေါ့*

ကိုယ့်အတွေးကိုသဘောတကျ မဲ့ပြုံးပြုံးလိုက်ရင်း အလုပ်ကိုသာ အာရုံစိုက်လိုက်တယ်

ဝါသနာကြောင့်လား မသိ အလုပ်ဆိုရင် သူ့အတွက် ပျင်းဖို့ကောင်းမနေဘဲ ပျော်ဖို့တောင်ကောင်းနေသေးသည်

အလုပ်ဆင်းချိန် ~

အလုပ်ဆင်းချိန်ရောက်တော့ Jungkook ခုံပေါ်တွင်မျက်နှာမှောက်နေမိသည်

Beautiful REVENGE (Complete)Where stories live. Discover now