REVENGE - 22

870 125 54
                                    

UNICODE

~ အဆင်ပြေပါတယ် ဘာတွေပဲ ဖြစ်ဖြစ် အနားကနေ ပေးဆပ်ခြင်းတွေနဲ့ ချစ်ပေးသွားမှာမို့လိို့ တစ်ယောက်တည်းမထားခဲ့ပါနဲ့ ~

☔☔☔☔☔☔☔☔☔☔☔☔☔☔☔☔

ဒီနေ့ Jungkook တစ်ယောက် စိတ်ကမကြည်ချင် လက်စားချေပါမယ်ဆိုမှ ဘာ့ကြောင့် ထိုလူသားအား နူးညံ့ပြနေမိလည်း မသိ

စိတ်ရှုပ်လာတာကြောင့် ဆိုဖာခုံပေါ်က ခေါင်းအုံးနှင့် ဘေးနားမှာ ရပ်နေတဲ့ Bodyguard အားပစ်ပေါက်လိုက်မိသည်

"သ...သခင်လေး ဘာများဖြစ်လို့လဲ ခင်ဗျာ"

ခေါင်းအုံးမှန်သွားတဲ့ Bodyguard ကလည်းပြာပြာသလဲလဲဖြင့် နောက်လှည့်ကာမေးလာခြင်းကို Jungkook မျက်မှောင်တွန့်ချိုးကာကြည့်လိုက်ရင်း

"ငါ့ကို ကုမ္မဏီဘာလို့ ခေါ်လာတာလဲ ငါအတန်းချိန်ရှိတယ်"

"အဲ့တာက သူဌေးက ခေါ်ခိုင်းလိုက်လို့ပါ သူဌေးအခု Meeting မှာရှိနေလို့ ခနစောင့်ပေးပါ သခင်လေး"

"ကျစ်! အချိန်တွေကုန်အောင်လို့"

Jungkook အခုရောက်နေတဲ့နေရာက ကျောင်းမဟုတ်ပဲ သူ့အဖေရဲ့ Jeon Group Main Company ကိုရောက်နေခြင်းပေ

ခနနေတော့ ရုံးခန်းထဲဝင်လာတဲ့ သူ့အဖေ Jungkook မျက်လုံးလှန်ကြည့်လိုက်ရင်း

"ဘာပြောဖို့ အရေးတကြီးခေါ်တာလဲ"

"အာပါး သားကို ပြောစရာရှိလို့"

"မြန်မြန်ပြောဗျာ"

"နောက်နေ့တွေ အားလပ်ရက်မှာ ကုမ္မဏီကို လိုက်ပြီး အလုပ်ကူရမယ် အရင်ဆုံး မန်နေဂျာ San Chaw ဆီမှာ သင်လိုက် မန်နေဂျာ ဆန်းချောက သားကို သင်ပြပေးလိမ့်မယ်"

"အလုပ်ရှုပ်တယ်ဗျာ ကျွန်တော်ကကျောင်းတစ်ဖက်နဲ့"

"သားရယ် နောက်ပိုင်းဆို အာပါးတို့ Group ကိုဆက်ဆံရမှာ သားပဲရှိတာလေ အားကိုးစရာသားပဲရှိလို့ပါ"

Jungkook တိတ်ဆိတ်စွာ သူ့အဖေကို ကြည့်ရင်း သက်ပြင်းချကာ

"ကောင်းပါပြီ ကျွန်တော်လုပ်ပါမယ်"

"လိမ္မာလိုက်တာ သားရယ်"

"အခုတော့ ကျောင်းသွားပြီ"

Beautiful REVENGE (Complete)Where stories live. Discover now