REVENGE - 34

1K 154 97
                                    

"ဘုရားရေ..."

ဒေါ်ဂျီဆူး တစ်ယောက် အိပ်ရာထဲမှာ Yoongi နာမည်ကို တနေတဲ့ Gye Kyung ကိုကြည့်ရင်း ရင်ဘတ်အားဖိမိတယ်

ဒါ့ကြောင့် Kyung က အခုတလော သူမအား Yoongi ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ပါးစပ်က မနားတမ်းပြောနေခြင်းပေဖြစ်လိမ့်မယ်

မဖြစ်နိုင်တာ Min Yoongi ကို သူ့သားက ချစ်နေမိသည်တဲ့လား

မဖြစ်သင့်တာတွေ မဖြစ်ဖို့အတွက် သူမ ဒီအချိန်ကစပြီး လုပ်သင့်ပြီဆိုတာသိလိုက်ရတယ်

..........

Kyung ကိုရှောင်ဖို့အတွက် Yoongi ကျောင်းကိုစောစောထွက်လာခဲ့တယ်

လူကိုယ်ကိုယ်လည်း လုံခြုံသလိုမခံစားရတာကြောင့် မြင်သမျှ ယောက်ျားလေးတိုင်းကိုကြောက်နေမိသည်

"Min Yoongi"

"Min Yoongi!"

Yoongi သူ့လက်ကနေဆွဲကာ သူ့ကိုယ်အားနောက်လှည့်စေလိုက်တဲ့ လူကို မော့ကြည့်မိလိုက်တယ်

"Min Yoongi"

"Kook"

Jungkook ကိုတွေ့တော့ ကျောင်းသားတွေကြားထဲမှာ ဖက်လိုက်တဲ့ Yoongi

"ဟေးးး ဘာဖြစ်လို့လဲ"

"Koo.kie"

Yoongi ဒီအချိန်ရှက်လဲ မရှက်နေတော့ Jungkook ကိုဖက်လိုက်တော့ သူလုံခြုံသွားသလိုခံစားလိုက်ရသည်

Kook ရဲ့ ကိုယ်သင်းနံ့လေးနဲ့ နွေးထွေးမှုက သူ့အားလွှမ်းခြုံထားနိုင်သည်

"ဘာဖြစ်လာလို့လဲ နောက်ကနေငါခေါ်နေတာလည်း တစ်ခါခေါ်လဲ မထူး နှစ်ခါခေါ်လဲ မထူး ကုပ်ကုပ် ကုပ်ကုပ် နဲ့"

"Kookie ကိုလွမ်းလို့လေ"

အတင်းကျပ်ဖက်ထားကာ သူ့ရင်ဘတ်ကို မေးထောက်ရင်း မော့ကြည့်လာသူ Yoongi က ချစ်ဖို့ကောင်းလွန်းနေသည်

သို့ပေမယ့် Yoongi ရဲ့ဖောင်းနေတဲ့ မျက်ခမ်းရဲရဲလေးတွေက Jungkook အားလှုပ်ခါလိုက်သလို သတိဝင်သွားစေ သည်

"မင်းငိုထားတာလား မင်းကိုဘယ်ကောင်ဘာလုပ်လိုက်တာလဲ ဟမ်!"

"မဟုတ်ပါဘူး အိပ်တာများသွားလို့ပါ"

"ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့နော် Min Yoongi"

Beautiful REVENGE (Complete)Where stories live. Discover now