အသက်တမျှချစ်ရပါသော(အပိုင်း၇)

253 16 2
                                    

အသက်တမျှချစ်ရပါသော..

အပိုင်း(၇)

နေရိပ်သစ်လဲဆေးကျောင်းတက်ဖို့အတွက်
လိုအပ်တာတွေဝယ်ဖို့
ကုန်တိုက်တခုကိုရောက်နေတယ်..

လိုတာတွေလဲဝယ်ပြီးတော​့ဗိုက်ဆာလာတာနဲ့စားသောက်ဆိုင်ဖက်ကိုထွက်ဖို့အလုပ်

အမည်မသိဖုန်းနံပါတ်တခုကပို့လာတဲ့
ဓာတ်ပုံတွေ...

မြင်နေရတဲ့ပုံတွေကမိုးစက်ကသူမဟုတ်တဲ့
တ့ခါးတယောက်နဲ့ပြုံးလို့ပျော်လို့..

ဒါသကငယ်ထိပ်ပင်ရောက်နေလေပြီ..

"ခင်ဗျားကရှေ့တမျိုးကွယ်ရာတမျိုး
မျက်နှာနှစ်ဖက်နဲ့လူပဲ...

လွန်နေပြီမိုးစက်ဆိုတဲ့ခင်ဗျားကို
ကျွန်တော်အရမ်းမုန်းတယ်..

တွေ့ကြသေးတာပေါ့"

နေရိပ်သစ်လဲဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး
အိမ်ကိုပြန်လာခဲ့တယ်......

အိမ်ကိုရောက်တာနဲ့
အခန်းထဲဝင်ပြီးထိုင်နေမိတယ်..
စိတ်ကဘာကိုအလိုမကျဖြစ်နေမှန်းလဲမသိဘူး

မိုးစက်လဲအိမ်ကိုရောက်တာနဲ့
မျက်လုံးကအရင်ဆုံးရှာမိတာက
ချစ်လှစွာသောမောင်..

"ကြီးညို...မောင်ပြန်မလာသေးဘူးလားင်"
မီးဖိုခန်းထဲမှာချက်ပြုတ်နေတဲ့
ကြီးညိုကိုသွားမေးလိုက်သည်..

"အကိုလေးက
ပြန်ရောက်တာကြာနေပြီမိုးလေးရဲ့
အပေါ်ထပ်မှာထင်တယ်"

ကြီးညိုရဲ့အဖြေကြောင့်
မောင့်မျက်နှာလေးမြင်တွေ့ရဖို့အရေးအပေါ်ထပ်ကိုတက်လာခဲ့တယ်...

အပေါ်ထပ်ရောက်တာနဲ့အခန်းတံခါးကိုဖွင့်လိုက်တော့
အိပ်ယာပေါ်မှာထိုင်နေတဲ့မောင့်ကိုတွေ့လိုက်ရတယ်

မောင်ကဘာလို့ငါ့အခန်းထဲကိုရောက်နေတာပါလိမ့်..
ငါ့ကိုပြောစရာရှိလို့လား..
ကြည့်နေတဲ့ပုံစံက
ငါကပဲအပြစ်လုပ်ထားတဲ့ပုံစံနဲ့..
မဖြစ်သေးပါဘူး...
ငါမေးမှမောင်ကတော့ငါ့ကိုစပြီး
စကားပြောမှာမဟုတ်ဘူး..

"မောင်...
ငါ့အခန်းကိုလာတာဘာဖြစ်လို့လဲဟင်"

အခန်းဝကနေပြီးတော့စကားစပြေယလိုက်တော့မောင်ကမတ်တပ်ရပ်ပြီးငါ့
ဆီလျှောက်လာနေတယ်...

အသက်တမျှချစ်ရပါသော(ရပ်နား,)Where stories live. Discover now