အသက်တမျှချစ်ရပါသော..အပိုင်း(၁၂)

290 15 2
                                    

မိုးစက်အတွက်တော့ဖြစ်နေတာတွေကိုမယုံနိုင်သေးပါဘူးး....
ကိုယ့်ရဲ့မင်းသားလေးကကိုယ့်ကိုရုတ်တရက်ကြီးဂရုစိုက်အကြင်နာပိုနေပြီးအရမ်းချစ်လာတာ...

မောင့်ရဲ့ဂရုစိုက်မှုတွေကိုငါအရမ်းမက်မောခဲ့တာ...
ခုချိန်မှာမောင့်ရဲ့ဂရုစိုက်မှုတွေကိုငါအပြည့်အဝရနေပါပြီ...

မလိုတော့ပါဘူးးး
ဘာဆိုဘာမှကိုထပ်မလိုတော့ပါဘူး...

"အမေ့..."
ခါးကိုသိုင်းဖက်လာတဲ့လက်အေးအေးတစုံကြောင့်မိုးစက်လန့်သွားမိသည်...

လှည့်ကြည့်လိုက်တော့ဆံပင်စုတ်ဖွားလေးနဲ့သူ့ကိုပြုံးပြနေတဲ့မောင်...

"ကိုကို...ဘာတွေတွေးနေတာလဲ..."
နေရိပ်သစ်နိုးလာတော့ဘေးမှာမိုးစက်မရှိတာနဲ့ထကြည့်လိုက်တယ်...
ပြတင်းပေါက်နားမှာလက်ပိုက်ပြီးအပြင်ကိုငေးကြည့်နေတဲ့မိုးစက်ကိုတွေ့လိုက်ရတော့..

နောက်ကနေဖက်လိုက်သည်...လန့်သွားတာလေးများ..
အူယားဖို့ကောင်းချက်..
ချစ်စရာလေးဗျာ...
ကျွန်တော့်အနေနဲ့လက်စားချေဖို့သူနဲ့အနီးကပ်နေတယ်ဆိုပေမယ့်လည်း
ချစ်ဖို့ကောင်းတာတော့ဟုတ်တယ်..
တကယ်ကိုငြင်းလို့မရတဲ့အထဲကတခုပဲဗျ....

"ဘာမှမတွေးပါဘူးမောင်ရယ်..
ငါနိုးနေတာနဲ့အပြင်ဘက်ကိုကြည့်နေတာပါ.....မျက်နှာသွားသစ်တော့လေ...
ပြီးရင်မနက်စာစားရအောင်အောက်ဆင်းလာခဲ့..."

"ဟုတ်ပါပြီကိုကိုရယ်...
မွ....morning kissပေးတာ...,
အောက်မှာစောင့်နေနှင့်နော်ကိုကို..

ကျွန်တော်ရေသွားချိုးလိုက်အုံးမယ်.."

"အင်း..."

နေရိပ်သစ်လဲမိုးစက်ကိုဖက်ထားတာလွှတ်ပေးလိုက်ပြီး..
မျက်နှာသစ်သွားတော့တယ်...

မိုးစက်လဲအောက်ကိုဆင်းပြီး
မနက်စာကိုသူကိုယ်တိုင်ပြင်ဆင်နေတယ်...

"မိုးလေး...ဒီနေ့ပြုံးလို့ပါလား..
အရင်နေ့တွေကနဲ့မတူဘူးနော်..."

ရီပြီးမေးလာတဲ့ကြီးညိုကြောင့်လူကရှက်မိသွားပြန်သည်...
မနေ့ကအဖြစ်အပျက်တွေကိုကြီးညိုတို့လဲမြင်လိုက်ကြတယ်လေ...

အသက်တမျှချစ်ရပါသော(ရပ်နား,)Where stories live. Discover now