အသက်တမျှချစ်ရပါသော(အပိုင်း_၁၄)

311 19 1
                                    

အိမ်ရောက်တာနဲ့ကားပေါ်ကဆင်းပြီးမိုးစက်အိမ်ထဲပြေးဝင်သွားတယ်...

နေရိပ်သစ်လဲကားပေါ်ကအမြန်ဆင်းပြီးမိုးစက်နောက်ကိုတန်းလိုက်သွားတယ်...

အပေါ်ထပ်ကိုရောက်တာနဲ့မိုးစက်အခန်းထဲဝင်ပြီးကုတင်ပေါ်မှာထိုင်ပြီးမျက်ရည်တွေကိုလွတ်လပ်စွာစီးဆင်းခွင့်ပေးလိုက်တယ်...

ဒါကပျော်လွန်းလို့မောင့်ဆီကရတဲ့ဂရုစိုက်မှာတွေကြောင့်...
မောင်ရယ်..ငါတနေ့တနေ့မောင့်ကိုပိုတိုးပြီးချစ်နေမိတယ်...

"ကိုကို"

နေရိပ်သစ်မိုးစက်နောက်ကိုလိုက်သွားတော့အခန်းထဲမှာငိုနေတဲ့မိုးစက်ကိုတွေ့လိုက်ရလို့ခေါ်လိုက်တော့လှည့်ကြည့်လာတဲ့ကျွန်တော်ချစ်ရပါသောလူသားလေး...........

"မောင်...ဟို..ငါငိုနေတာမဟုတ်ပါဘူး..."

ဟော...ကြည့်ပါအုံးငိုနေတာကြီးလက်တွေ့မြင်နေရတာကိုတောင်မငိုပါဘူးတဲ့ငြင်းပြန်ပြီ...

နေရိပ်သစ်လဲမိုးစက်နားသွားပြီးမျက်နှာပေါ်ကမျက်ရည်စလေးတွေကိုတယုတယနဲ့သုပ်ပေးလိုက်တယ်...

"ကိုကိုကမောင့်ကိုလိမ်နေတာကြီး..
မျက်ရည်ကျတာကြီးမြင်လိုက်တာကို...

ဘာဖြစ်လို့လဲဟင်..ကိုကိုဘာကိုမကြိုက်လို့လဲဟင်..
မောင့်ကိုပြောပြလေနော်...

ကိုကိုမျက်ရည်ကျတာမြင်ရင်မောင့်ရဲ့ဟော့ဒိီနကတဆစ်ဆစ်နဲ့အရမ်းနာကျင်ခံစားရတယ်..."

နေရိပ်သစ်လဲမိုးစက်ရဲ့လက်လေးကိုအသာအယာဆွဲယူလိုက်ပြီးသူ့ရဲ့ဘယ်ဘက်ရင်ဘတ်ပေါ်တင်ပေးလိုက်တယ်...

"ငါကပျော်လို့မျက်ရည်ကျတာပါမောင်ရယ်..
မောင်ကငါ့ကိုအများကြီးဂရုစိုက်ပေးပြီးချစ်ပေးတော့အပျော်လွန်သွားတာပါ

မောင်ကမျက်ရည်ကျတာမကြိုက်ရင်ငါနောက်ခါမကျမျက်ရည်မကျမိအောင်နေပါ့မယ်..."

"ဟုတ်ကဲ့ပါဗျ......ချစ်တယ်ကိုကို
..ပြောမပြတတ်အောင်ချစ်တယ်...
ကိုကိုကကျွန်တော့်နှလုံးသားရဲ့ပဲ့ကိုင်ရှင်လေး..."

"အင်း...မောင်ကငါ့ရဲ့အသက်ကလေး"

ကျေနပ်ရပါတယ်...ဒီလူသားလေးကကျွန်တော့်ကိုသူ့ရဲ့အသက်ကလေးတဲ့
တကယ်ချစ်မိသွားတာကိုကိုရယ်

အသက်တမျှချစ်ရပါသော(ရပ်နား,)Where stories live. Discover now