အသက်တမျှချစ်ရပါသော..(အပိုင်း၈)

270 15 0
                                    

အသက်တမျှချစ်ရပါသော..

အပိုင်း(၈)

သူ့ချစ်သူလက်လေးကိုဆုပ်ကိုင်ပြီးထွက်သွားတဲ့မောင့်ကိုကြည့်ပြီး
နှလုံးသားနေရာကသံနဲ့ရိုက်ခံရသလို..
နာကျင်ရမှုကပြောမပြတတ်အောင်ပင်....

အမှန်တရားကိုမမြင်နိုင်လောက်
တော့အောင်အထိ
မောင်သူ့ကိုချစ်တာလား...

ငါ...ငါ..မောင့်ချစ်သူကို
လက်ဖျားနဲ့တောင်မထိခဲ့ပါဘူး
မောင်ရယ်....

မောင်ကသူ့ကိုချစ်နေပေမယ်.
သူကမောင့်ရဲ့ပိုင်ဆိုင်မှုတွေကိုချစ်တာ
ဒါတွေမောင်မသိလေရော့သလား..

မောင်အရမ်းရက်စက်တယ်...

အတွေးနဲ့အတူနှုတ်ခမ်းကိုတချက်ကိုက်လိုက်ပြီး
သက်ပြင်းချလိုက်တော့
လူကဝမ်းနည်းစိတ်တွေရော
ရှက်စိတ်တွေရော..
ပေါင်းပြီး
ဘာမှမသိလိုက်ခင်မှာပဲ
အရာအားလုံးဟာ
အမှောင်ကျသွားခဲ့တယ်....

"ဟာ....ဟိုအကို...လာကြပါဦးဗျို့
ဒီမှာ..

ရေထဲကြီးမှာမေ့သွားလို့..

လာကယ်ကြပါဗျို့"

လမင်းသော်လဲ အစအဆုံး
ဖြစ်ပျက်သမျှကိုကြောင်ကြည့်နေရာမှ
ရုတ်တရက်ကြီးမေ့သွားပြီး
ရေထဲမြုပ်သွားတဲ့သူကြောင့်
ကိုယ်ကိုတိုင်ကလဲရေထဲမဆင်းရဲ

လူကခုန်ဆွခုန်ဆွနဲ့
အသားကုန်အော်ပြီး
အကူအညီတောင်းလိုက်တယ်....

ဗွမ်း...
ဘယ်သူမှန်းမသိ​ပေမယ့်
ရေထဲကိုခုန်ဆင်းသွားပြီး
ဟိုအကိုကိုချီပြီးတက်လာတဲ့သူ
ကိုလမင်းကျေးဇူးတင်နေမိတယ်...

အာဏာသွေးလဲ
ငှက်ပိစပ်လိုအသံနဲ့အလုပ်ဌာနတွေ
လွှမ်းအောင်အော်တဲ့
အသံကြောင့်

လာရင်း
အလုပ်ကိစ္စကိုထားပြီး
လာလိုက်တာ
ရေထဲမှာမြှပ်နေတဲ့
မိုးစက်ကြောင့်
ကိုယ်ကိုတိုင်တောင်လန့်သွားမိတယ်..

မိုးစက်ရဲ့ရင်ဘတ်ကိုခနခနနှိပ်လိုက်တော့
ရေတွေပါးစပ်ထဲကထွက်ကျလာတယ်..

မျက်လုံးကဖြေးဖြေးလေးနဲ့
ခနတာပွင့်လာပြီး
ပြုံးပြနေတယ့်
မိုးစက်ကြောင့်
အာဏာသွေးနဲ့လမင်းသော်
တို့သက်ပြင်းချနိုင်သွားတယ်..

အသက်တမျှချစ်ရပါသော(ရပ်နား,)Where stories live. Discover now