*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ

11.3K 1.8K 10
                                    

ရုန်ယိနဲ့ ယင်ကျင်းရဲ့ ယင်းအိမ်တော်ကနေထွက်လာတာနဲ့ ဖြတ်သွားဖြတ်လာတွေက သူတို့ကို လက်ညှိုးဝိုင်းထိုးကြတော့သည်။

"ကြည့်စမ်း ဒီအခြောက်က သူ့ကိုယ်သူလူရယ်စရာဖြစ်အောင် ထပ်ထွက်လာပြန်ပြီ...။ ဟင်!! သူဘာလို့ ဒီတစ်ခေါက် မိန်းမလိုလမ်းမလျှောက်တော့တာလဲ..။ သူ့ခြေထောက်တွေပုံမှန်ပြန်ဖြစ်သွားပြီလားဟ..။ ပြီးတော့ သူမိတ်ကပ်လဲလိမ်းမထားဘူး..။ သူပိုပြီး ယောက်ျားဆန်လာသလိုဘဲ.."

"ဖွီ! မင်းဘယ်လိုများ သူအခုယောက်ျားဆန်လာပြီလို့တွေးလိုက်တာလဲကွာ..။ ဘယ်ယောက်ျားမှ သူ့လိုကိုယ်ဝန်မလွယ်နိုင်ဘူး..။ ပြီးတော့ သူ့ဘေးနားမှာလည်း တစ်ခါမှမမြင်ဖူးတဲ့ ယောက်ျားတစ်ယောက်ရှိနေတယ်..။ မင်း ဂဏန်းကိုတည့်တည့်လျှောက်ခိုင်းလို့မရဘူးကွ။ ဒါကြောင့် သူလည်း ယောက်ျားတွေကိုလိုက်ဆွဲဆောင်တတ်တဲ့သူ့ဗီဇကို မပြောင်းလဲနိုင်ဘူး..။ ဒီယောက်ျားတွေလည်းဘာလို့ ဒီလိုလူမျိုးကိုသဘောကျမှန်းငါတော့နားမလည်နိုင်တော့ဘူး... ။ ဘာလဲ မိန်းမတွေအကုန် အသက်မရှိကြတော့လို့လား...."

"အရင်က သူကသူ့ဆရာတူအစ်ကိုကြီးနဲ့ ရှိနေခဲ့တာမလား..။သူ့ဆရာတူအစ်ကိုကြီးကိုကြည့်နေတဲ့ပုံက မသိရင် အဲ့ယောက်ျားကို စားတော့မတတ်ဘဲ အရမ်းရွံစရာကောင်းတာဘဲ..။ ဒီယောက်ျားကလည်း သူ့ဆရာတူအစ်ကိုကြီးလိုမျိုးဘဲ ကြည့်ကောင်းတာဘဲ..။ဟမ့် ဒီအခြောက်ကောင်က မိန်းမဆန်ပြီး အပျက်ဖြစ်နေပေမဲ့ သူရဲ့ ယောက်ျားတွေအပေါ်အကြိုက်ကတော့ တစ်ကယ်ကောင်းတာဘဲ..။"

"ဟမ့် သူနဲ့ရှိနေတဲ့သူအားလုံး တစ်ယောက်မှကောင်းတဲ့ကောင်မပါဘူး..။ ငါကတော့ ဒီအခြောက်ကောင်က ယောက်ျားတွေကို ဘာလို့များဒီလောက်ဆွဲဆောင်နိုင်ရတာလဲဘဲ အံ့သြမိတယ်..."

ဒီလူတွေက မူလလူရဲ့ ဆရာတူအစ်ကိုကြီးအကြောင်းပြောလိုက်တဲ့အချိန်မှာ ရုန်ယိရဲ့ ရင်ဘက်ထဲက နှလုံးကတစ်ချက်ခုန်သွား၏။ သူက ယင်ကျင်းရဲ့ များမနာလိုဖြစ်မလားလို့ စိုးရိမ်ပြီး ဖြတ်ခနဲတစ်ချက်ခိုးကြည့်လိုက်၏။ ဒါပေမဲ့ တစ်ဘက်လူကတော့ ထိုလူတွေကိုလေလိုသဘောထားပြီး လျစ်လျူရှုထား၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now