အခန်း - ၉

33.6K 3.2K 232
                                    

Unicode //

"ဈာန်း...အဲ့ကောင်လေးက မင်းရဲ့ငယ်လေးဆိုတာသေချာလို့လား"

"အင်း...သေချာတယ်"

"ဒါပေမဲ့ ကလေးကမင်းကိုမမှတ်မိသလိုပဲ
နော်"

"....."

"ဒါနဲ့ နေပါဦး...မင်းက အဲ့ကလေးရဲ့အင်္ကျီကိုဘာလို့ချွတ်ဖို့လုပ်တာလဲ"

ထိုမေးခွန်းကိုတော့ ဈာန်းချက်ချင်းမဖြေသေးဘဲ ငြိမ်နေပြီးမှ...

"အမာရွတ်ကြောင့်...ငယ်လေးငယ်ငယ်ကဓားဆော့ပြီး ဓားထိတာ လက်မောင်းမှာချုပ်ရာအမာရွတ်ကျန်ခဲ့တယ်...အဲ့ဒါသာတွေ့ရရင်ငယ်လေးသေချာပြီ...သေချာတာနဲ့ ငယ်လေးကို ငါပြန်ခေါ်ထားလို့ရပြီ"

ဈာန်းဦးခိုက်၏အဖြေကြောင့် အကုန်လုံး သက်ပြင်းဖွဖွချမိကြသည်။

ထို့နောက်...

"ခေါ်ထားပြီးမင်းကဘာလုပ်မှာလဲ"

ကောင်းထက်ယံ၏အမေးကြောင့် တစ်ဝိုင်းလုံးငြိမ်ကျသွားသည်။ဈာန်းလည်း မြက်ခင်းပြင်ကိုစူးစိုက်ကြည့်ရင်းငြိမ်ကျသွားသည်။

"ဈာန်း...ဒီကိစ္စကမပေါ့ဘူးနော်...
ဘယ်လိုပဲဖြစ်ဖြစ် အခုဆို မင်းကနှိုင်းမန်ရဲ့သက်ဆိုင်သူဖြစ်သွားပြီ...မင်း နှိုင်းမန်ကိုမငဲ့လို့မရဘူး"

ထိုစကားကြောင့် သူ့အတွေးတို့က ထိုကောင်လေးဆီသို့ရောက်သွားသည်။

အငယ်...

ဟုတ်သည်။ သူအခု အငယ့်အပေါ် အရမ်းမတရားရာကျလွန်းနေပြီဖြစ်သည်။ ထို့နောက် သူစိတ်လေးစွာဖြင့် သက်ပြင်းချလိုက်မိပြန်သည်။

အားနာတယ်အငယ်...ကိုယ်တို့နှစ်ယောက်ရှေ့ဆက်ဘယ်လိုသွားကြမလဲ...

ထို့နောက်...

"ဒါနဲ့ ဈာန်း...မင်းနဲ့စောပြည့်သျှင်နဲ့က ဘယ်ကဘယ်လို ငြိထားကြတာလဲ"

ရဲရင့်နိုင်၏အမေးကြောင့် ဈာန်းဦးခ်ိုက်နှင့်ကောင်းထက်ယံတို့ ခဏတာမျက်လုံးချင်းဆုံသွားပြီးနောက်...

"အရင်က ငါတို့လုပ်ငန်းနဲ့သူတို့လုပ်ငန်းက Partnerတွေ...ဈာန်းနဲ့ကတော့ စင်္ကာပူမှာကတည်းက ဆုံခဲ့တာ...နောက်တော့ သဘောထားချင်းမတိုက်ဆိုင်တော့ပဲ ခွဲထွက်သွားပြီး သူ့ဘက်ကရန်ငြိုးထားနေတာ"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now