အခန်း - ၅၇

26.4K 2.2K 270
                                    

Unicode //

Ringing...

တိတ်ဆိတ်နေသော အိပ်ခန်းလေးထဲတွင် Ringtoneသံတို့ဖြင့်ဆူညံသွားသည်။
ကုတင်ပေါ်မှကောင်လေးသည် လူးလှိမ့်ကာ
ဖုန်းကို လက်ဖြင့်စမ်းတဝါးဝါးစမ်းရင်း ကိုင်လိုက်ပြီး...

"Hello..."

"....."

တစ်ဖက်မှစကားကြောင့် နှုတ်ခမ်းထောင့်စွန်းတစ်ဖက် ကော့တက်သွားကာ...

"Okလေ...ဒါပေမဲ့ ငါကဈေးကြီးတယ်နော်...ပြီးတော့ တစ်ဖက်လူကို ငါစိတ်တိုင်းကျဦးမှ..."

ထို့နောက် တစ်ဖက်မှဘာမှပြန်မပြောဘဲ ဖုန်းချသွားသည်မို့ သူ့ပြောစကားကို လက်ခံလိုက်သည်ဟုယူဆလိုက်သည်။ ထို့နောက် ခါးကြောကို ဆန့်နိုင်သလောက် အားရပါးရ ဆန့်ထုတ်လိုက်ကာ ကုတင်ပေါ်မှဆင်းပြီး ရေချိုးခန်းဆီလျှောက်သွားလိုက်သည်။

ဘေစင်တွင်လက်ထောက်ကာ ဘေစင်ထက်ရှိမှန်တွင်ပေါ်နေသော ပုံရိပ်ကိုကြည့်ပြီး....

"ချောလိုက်တာ"

ဟုတ်သည်။ ထိုက်မင်ချန်းဆိုသောသူသည် စကားပြောတတ်စအရွယ်ကတည်းက သူ့ကိုယ်သူကြည့်ပြီး 'ချောလိုက်တာ'ဟူသောစကားကို အစဉ်အလာမပြတ်ပြောလာခဲ့သူ။ သူ့ကိုယ်သူထက် မည်သူ့ကိုမှလည်း ချောသည်ဟုမမြင်သလို စိတ်ဝင်စားမှုလည်းတစ်ခါမှမဖြစ်ဖူး။

ဒီလိုပြောလို့ အိပ်ယာထက်က ကိစ္စတွေကင်းသည့်သူဟု ထင်သွားလျှင်တော့ သင် အမှားကြီးမှားသွားပါပြီမိတ်ဆွေ။

ထိုက်မင်ချန်းသည် Biတစ်ယောက်ဖြစ်သည့်အားလျော်စွာ ကျား၊မ,မရွေးသလို၊ ကြိုက်သည့်နေရာ၊ ကြိုက်သည့်အချိန်တွင် ကြိုက်သည့်လူကိုရွေးကာစားတတ်စမြဲ။ သူရွေးလိုက်သည်က မိန်းကလေးဆိုလျှင်တော့ သိပ်ပြဿနာမတက်။ ယောက်ျားလေးဖြစ်နေလျှင်တော့ ထိုသူသည် Tဖြစ်ဖြစ်၊ Bဖြစ်ဖြစ် Tခံရမည်သာ...။

ဤသည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဘာလို့လဲဆိုတဲ့မေးခွန်းကိုမေးမယ်ဆိုရင်တော့ သင့်ကို ထိုက်မင်ချန်းက ငတုံးဟူသောဘွဲ့ချီးမြှင့်မည်မှာအသေအချာ။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now