အခန်း - ၆၃

29.5K 2.3K 249
                                    

Unicode //

"အင်း............"

ချန်းနိုးလာသည်နှင့်ပုံမှန်လုပ်နေကျအတိုင်း အကြောဆန့်ကာ ညည်းညူလိုက်သည်။ ထို့နောက် မျက်လုံးဖွင့်လိုက်ပြီး အခန်းပတ်ပတ်လည်ကို တစ်ချက်စူးစမ်းမိသည်။

ဪ သွားပြီထင်တယ်...

ထို့နောက်တွင် မထချင်ထချင်ဖြင့် လေးကန်စွာထလိုက်ပြီး ပြန့်ကြဲနေသောအဝတ်တို့ကိုကောက်ယူကာ ကုတင်ပေါ် ပစ်တင်လိုက်သည်။

"တော်တော်ကျေးဇူးကန်းတဲ့ဟာလေး"

မကျေမချမ်းရေရွတ်လိုက်ပြီး B2ဆီ အခန်းNo.နဲ့ အဝတ်အစားတွေယူလာဖို့ Msgပို့ကာ ရေချိုးခန်းထဲဝင်လိုက်သည်။

Time skip>>>

"မင်းတို့ အခုဘယ်သွားနေတာလဲ"

"သခင်မကြီးဆီကိုပါ"

"ဘာ! ပြန်လှည့်!!"

"မရပါဘူး ဒီတစ်ခါတော့သွားရပါမယ် သခင်လေး"

"ဪ မင်းတို့ကခုတော့ ငါ့စကားနားမထောင်တော့ဘူးပေါ့"

"သခင်လေးမသွားရင် D3ကို ပြန်ရမှာမဟုတ်တော့ဘူး"

"ဘာ! ငါ့သားက ဘာဖြစ်လို့လဲ...မဟုတ်မှလွဲ..."

"ဟုတ်ပါတယ် သခင်လေး...D3ကို သခင်မကိုယ်တိုင်လာခေါ်တော့ ကျွန်တော်တို့လည်းမတတ်နိုင်ပါဘူး...သခင်လေးကိုယ်တိုင်လာခေါ်မှ ပြန်ပေးမယ်ပြောသွားလို့ပါ"

"Tsk!!! စိတ်ကုန်ဖို့ကောင်းလိုက်တာ"

ချန်း စိတ်တိုတိုနှင့် နောက်မှီကိုခေါင်းလှန်ချကာ မျက်စိနှစ်ဖက်ပိတ်လိုက်မိသည်။

___________________________________________

"သားလေး...ဘာစားချင်လဲ....ဘာလိုအပ်လဲ"

"ဘာမှမလိုပါဘူး ဖေဖေ...မေမေက အားလုံးကိုဖြည့်ဆည်းပေးပါတယ်...ပြီးတော့ ကျွန်တော့်အလုပ်ကလည်း အဆင်ပြေပါတယ်...ဒီကိုလာတာက ဖေဖေ့ကိုတွေ့ချင်ရုံတင်ပါ"

မတွေ့ရတဲ့အတောအတွင်း အရမ်းကိုတည်ငြိမ်သွားသောသားကြောင့် ဦးသက်အောင်မင်း ကျေနပ်ရပါသည်။

....မ,က သားကိုအကောင်းဆုံးပျိုးထောင်ပေးခဲ့တာပဲ...

"သားအမေရော နေကောင်းရဲ့လား"

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now