အခန်း - ၇၃ (အချပ်ပို ၂)

72.8K 3.4K 624
                                    

Unicode//

“Happy Birthday my son"

“Thanks Daddy”

“Happy Birthday အရှုပ်ထုပ်"

“Thanks ကယ်လေး...သားကအရှုပ်ထုပ်မဟုတ်ပါဘူးနော်"

ထို့နောက် ကိုယ်ပေါ်ခုန်တက်လာသော လေးနှစ်သားလေးကို ဈာန်းပွေ့ချီလိုက်သည်။

“အမေကျော် ဒွေးတော်လွမ်းတဲ့ကောင်”

“သားကြားတယ်နော် ကယ်လေး”

“အေး ငါကလည်းကြားအောင်ပြောတာ”

“ဒယ်ဒီကသားဒယ်ဒီပဲဟာ မနာပါဘူး…နော် ဒယ်ဒီ နော်”

“အမျိုးတစ်ခြမ်းယုတ်လေး”

“ဟားဟား အငယ်ရာ…ကလေးကို”

“ကယ်လေးကသားကိုဆို အမြဲအဲ့လိုပဲ ဒယ်ဒီ…သားက ကယ်လေးနဲ့တူလို့ ဒယ်ဒီ့ ကိုချစ်တဲ့ဟာကို”

“ဟားဟား ဟုတ်ပါပြီဗျာ…ဒယ်ဒီကလည်း သားကိုအရမ်းချစ်ပါတယ်ဗျာ”

ဘေဘေးက နှိုင်းမန်ကိုလျှာထုတ်ပြသည်။ နှိုင်းမန်က လက်သီးဆုပ်နှင့် ဘေဘေးပါးကိုကပ်တွန်းကာ…

“အချိုးပြေပြေနေ…လိမ္မာရင်မင်းအတွက်ချည်းပဲ”

ထိုစဉ်…

“Happy Birthday Babe”

“ဟာ Daddy Time…Daddy Mike”

“လာပါဦး ဒီကို….”

တိုင်းကလက်ကမ်းကာခေါ်လိုက်တော့ ဘေဘေးက ဈာန်းကိုမော့ကြည့်သည်။ ဈာန်းလည်း သားကိုပြုံးပြကာ တိုင်းလက်ထဲထည့်ပေးလိုက်သည်။

“သားအတွက်လက်ဆောင်ကို မှန်းကြည့်ပါဦး”

မိုက်ခ်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ ပြောလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေက လက်လက်ထသွားသည်။

“စက်ရုပ်လား”

“No”

“Jelly Bearတွေအများကြီးလား”

“No”

“ပန်းပေးပြီ”

ဘေဘေး၏အကျင့်အတိုင်း နှစ်ခါဖြေလို့မမှန်သည်နှင့်ပန်းပေးတော့သည်။ တစ်ခါမှသုံးကြိမ်အထိမှန်းခိုင်းလို့မရ။

ကန့်လန့်ဆန်သောအချစ် Where stories live. Discover now