*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ

11K 1.8K 27
                                    

ရုန်ယိနဲ့ ယင်ကျင်းရဲ့ လှည့်ကြည့်လိုက်တဲ့အခါ အိတ်ကိုဆွဲယူသွားတဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပြီး သူမမျက်လုံးတွေက မာနတွေ ဘဝင်မြင့်မှုတွေနဲ့ တောက်ပနေသည်။ အဖြူနဲ့အပြာရောစပ်ထားတဲ့ ဝတ်ရုံရဲ့ ညာရင်ဘက်အပေါ်ပိုင်းမှာ အပြာရောင်ဘူးသီးခြောက်ပုံယပ်တောင်ကိုပန်းထိုးထားတာကိုကြည့်ခြင်းအားဖြင့် သူမက ဂိုဏ်းကြီးတစ်ခုကကျင့်ကြံသူဆိုတာအလွယ်တစ်ကူပြောနိုင်လေသည်။

"နင်က ကျင့်ကြံခြင်းအတွက် ဒီပါဝင်ပစ္စည်းတွေကို ဘယ်လိုသုံးရမှန်းတောင်သိရဲ့လား...ဟမ့်! အသက်ကဘဲ ၁၈နှစ်ဖြစ်နေပြီကို အခုမှ ချီသန့်စင်အဆင့်ရဲ့ အစောပိုင်းအဆင့်ဘဲရှိသေးတယ်..။ ဂိုဏ်းချုပ်က နင် ကျိုရွှီဂိုဏ်းရဲ့ဂုဏ်သတင်းကို မြေကြီးပေါ်ရောက်အောင်ဆွဲချမသွားခင် နင့်ကို ဂိုဏ်းက ထုတ်ပယ်ပစ်ရမှာ.." ကျင်းယွဲ့ယောင် အိတ်ကိုယမ်းပြနေရင်း လှောင်ပြောင်ရှုံ့ချနေ၏။

"ငါတို့ဆရာတူအစ်ကိုကြီးက သူ့လက်ထပ်ပွဲအတွက် ဒီမှာပစ္စည်းအချို့လာဝယ်မယ်ဆိုတာသိလို့ သူရောက်လာတာနေမှာပေါ့.."  ကျင်းယွဲ့ယောင်ရဲ့ ဆရာတူညီမဖြစ်သူ စုစီကပါ ဝင်ရောက်သရော်လာ၏။

ရုန်ယိ မျက်မှောင်ကြုတ်သွားသည်။ ချီးဘဲ!! လာပြန်ပြီလား ဒီဆရာတူအစ်ကိုကြီး..။ ဆိုတော့ သူတို့တွေက ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဂိုဏ်းတူမောင်နှမ တွေပေါ့...။ ဒါပေမဲ့ သိသာစွာဘဲ သူတို့က သူ့ကို သဘောမကျကြပေ။

ကျင်းယွဲ့ယောင်ရဲ့ မျက်လုံးတွေထဲမှာ မနာလိုမှုအရိပ်အယောင်တွေလက်လာပြီး ထအော်လိုက်သည်။
"ဆရာတူအစ်ကိုကြီးက ဟိုရုပ်ဆိုးမကိုလက်ထပ်မှာမဟုတ်သလို ဒီခွေးကောင်ကိုလည်းမျက်လုံးထဲထည့်မှာမဟုတ်ဘူး.."

စုစီကတော့ သူမရဲ့စကားတွေကို စိတ်ထဲမထည့်ပေ။ အကြောင်းက ကျင်းယွဲ့ယောင်ကလည်း သူမတို့ရဲ့ ဆရာတူအစ်ကိုကြီးကို ကြိုက်နေမှန်း သူမသိနေတာကြောင့်ဖြစ်သည်။

ရုန်ယိကတော့ အရေးမပါတဲ့သူတွေနဲ့ တိုက်ခိုက်ဖို့ စိတ်မဝင်စားပေ။ သူက အရောင်းဝန်ထမ်းဘက်ကိုလှည့်လိုက်ပြီးပြောလိုက်သည်။
"ကျွန်တော့်ကို ခုနကရွေးထားတဲ့ပါဝင်ပစ္စည်းတွေလိုမျိုး အတိအကျ ထပ်ထည့်ပေးပါ။ ကျွန်တော့်ဆီက သူမဆွဲယူသွားတဲ့ဟာတွေအတွက်တော့ သူမဆီကဘဲတောင်းလိုက်ပါ..။"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now