အခန်း(၄)

11.3K 810 8
                                    

"အဟီးးး ပန်းပွင့်လေးငါ့ကိုဂရုမစိုက်တော့ဘူး အဟင့်.."

"မင်းကွာအသံပြဲကြီးနဲ့ငိုမနေနဲ့"

ဧသောမှ

"အေးလေကွာ ချော့လို့ရမဲ့နည်းတွေအများကြီးရှိပါသေးတယ်"

"ဟင့်..ငါမှမလုပ်တတ်တော့တာ"

"အေးဆေးပေါ့ကွာ ငါလမ်းကြောင်းရှင်းပေးမယ်"

"ဘယ်လိုလဲ"

"ဒီနေ့ သူကြီးနဲ့သူ့မိန်းမ ဟိုဘက်ရွာကအလှူသွားတယ်"

"အဲ့တာဘာလုပ်ရမှာလဲ ဟင့်"

"မင်းကွာ..တုံးလိုက်တာ
သူကြီးတို့အလှူသွားရင် အနည်းဆုံးသူတို့
ပေးရတဲ့အလှူငွေနဲ့တန်အောင်
‌အဝစားကြမှာပဲ အဲ့တော့ မင်းပန်းပွင့်ဖြူလေးနဲ့တွေ့လို့ရတော့မယ်လေ"

"အေး...ဟုတ်သားပဲ..အဟား ပန်းပွင့်လေး!!
ကိုယ်လာပြီ"

"လာသွားမယ် မင်းကသပ်သပ်ရပ်ရပ်လေးနေလေ အဲ့တာမှတိမ်စိုင်ဖြူက
အို...ကိုချစ်စမ်းမောင်က ညိုချောလေးပဲ
ဆိုပြီး ဒဲ့ကြွေသွားမှာ"

"အေ..ကောင်းတယ် ငါပြင်ဆင်လိုက်အုံးမယ်
ဒီနေ့က..ပန်းပွင့်ဖြူလေးက ငါ့ရဲ့ချစ်သူဖြစ်လာမဲ့ကောင်လေးပဲ"

"မြန်မြန်သွား"

အချိန်အတော်ကြာ ရေမိုးချိုးပြင်ဆင်နေပြီးနောက်

"ဟေ့ကောင်တွေ ဘယ်လိုနေလဲ"

"ဝါးးးးးမင်း ချစ်စမ်းမောင်ပါနော်"

ချစ်စမ်းမောင် ပြင်ဆင်လိုက်တော့အခါ
အရင်လို ပေါက်လွှတ်ပဲစားရုပ် မဟုတ်တော့ပဲ
ဧသောပြောသလို ညိုချောလေးပင်ချစ်သွားသည်

"ဘယ်လိုလဲ ပန်းပွင့်လေးကြွေသွားလောက်တယ်မလား"

ထိုအခါဖိုးထူးမှ

"တိမ်စိုင်ဖြူ‌ ကြွေမကြွေတော့မသိဘူး
ငါတော့ မင်းကိုဒဲ့ကြွေသွားပြီ"

ချစ်စမ်းမောင်သည် နီညိုရောင်တီရှပ်လက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်ထားပြီးရင်ဘတ်ကကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားကာ ပုဆိုးအညိုကိုအဖြူအကွက်စိတ်နဲ့တွဲဖက်ဝတ်ဆင်ထားသည်

" ရွာဇော် " [ Complete ]Where stories live. Discover now