အခန်း(၉)

8.8K 668 13
                                    

ပြုံးစိစိဖြင့်ပြန်လာသောသားအား
အမြင်ကပ်စွာကြည့်မိတော့

"အဟမ်း..ပြုံးဖြီးနေတာပဲနော်"

"ဟား...အမေကလဲ အမေ့သမက်နဲ့တွေ့တာ
ပါဆိုမပြုံးဖြီးပဲနေပါ့မလား"

"ပြုံးဖြီးတာထားပါအုံး နင်က
လျှာတစ်သပ်သပ်နဲ့ လူယုတ်မာအတိုင်းပဲ"

"အမေ မသိပါဘူးဗျာ"

"အေးပါဟယ်..နင်အားနေရင် နောက်ကကျောက်ဆည်ရေဖြည့်ထား"

"ဟုတ်ကဲ့ဗျ"

အိမ်ရှေ့ရေတွင်းကြီးထဲကို ကြိုးဆွဲထားတဲ့
ရေပုံးအားပစ်ချကာ ကြိုးအားပြန်ဆွဲလိုက်ပြီး
ပါလာသောရေများအား ရေပုံးထဲထည့်ပြီး
နောက်တစ်ပုံးကိုလဲထပ်ဖြည့်သည်

ပြီးနောက် ကြိုးဆွဲထားတဲ့တံပိုးအား
ရေပုံးသို့
ရှေ့နောက်ချည်လိုက်ပြီး အလည်မှ
တံပိုးအား
ထမ်းပြီး အိမ်နောက်ဖေးက ကျောက်ဆည်သို့
ရေဖြည့်တော့သည်

"အရီးခင်စိန် ချစ်စမ်းမောင်ကော"

ခြံထဲသို့ ဧသောနဲ့ ဖိုးထူးတို့နှစ်ကောင်ဝင်လာပြီး ကွပ်ပျစ်ပေါ်ထိုင်နေတဲ့ ဒေါ်ခင်ခင်စိန်အား
မေးသည်

"‌နောက်မှာရေဖြည့်နေတယ် နင်တို့ဘယ်သွားမလို့လဲ"

"ဘယ်မှမသွားပါဘူးအရီးကလဲ
နေ့တိုင်းလာနေတာပဲကို"

"အေးပါ ..ဒါနဲ့လေ ဟိုကောင်
ချစ်သူကောင်လေးရနေပြီဆို"

"ဟာအရီးဘယ်လိုသိတာလဲ"

"သူပြောတာ‌ပဲလေ ပြောစမ်းပါအေ
သူ့ကောင်လေးဘယ်သူလဲဆိုတာ"

"အရီးကလဲ အချိန်တန်ရင်ဒီကောင် အရီးကိုပြောမှာပါ"

"နင်တို့ကလဲဟေ တစ်ကယ်ပဲ"

ထိုစဉ် ချစ်စမ်းမောင်နောက်မှထွက်လာပြီး

"ဟ..မင်းတို့တောင်ရောက်နေကြပြီလား"

"အေးကွ"

"မင်းကတော့နော် ချစ်သူရ‌တာနဲ့ ငါတို့ကိုတောင် မေ့ပြီပေါ့"

"မေ့စရာလားကွ"

"မမေ့ရင်ပြီးတာပဲ"

"ဒါနဲ့မင်းတို့ညကျ လိုက်ခဲ့အုံးနော်"

" ရွာဇော် " [ Complete ]Where stories live. Discover now