အခန်း(၁၁)

8.7K 641 11
                                    

ချစ်စမ်းမောင်တို့အိမ်ခန်းတွင်

"ခင်ဗျား..ငြိမ်ငြိမ်အိပ်လို့"

"ကိုယ်ကပျော်လွန်းလို့ပါ"

"ခင်ဗျားပျော်တာနဲ့ပဲ တစ်ခြားလူကို
တစ်ပြွတ်ပြွတ် လိုက်နမ်းနေမှာလား"

"မဟုတ်ဘူး ကိုယ်ကပျော်ရင်
ဟိုဟာပါလုပ်ချင်တာ"

"ခင်ဗျားနော်"

"စတာပါဗျာ မနက်ကျရင် ယောက္ခထီးကြီး
မျက်နှာဘယ်လိုဖြစ်နေမလဲမသိဘူး"

"ကျွန်တော့်အဖေ စိတ်ပူမှာပေါ့
သူ့မှာသားလေးတစ်ယောက်ထဲရှိလို့
အိမ်ထဲကအိမ်ပြင်မထွက်တာ
အခုခိုးရာလိုက်သွားတယ်ဆိုတာ
သာသိရင် အဟင့်"

"ပန်းပွင့်လေး မငိုပါနဲ့ကွာ
ကိုယ်ကဒီတိုင်းစလိုက်တာပါ
ကိုယ်တောင်းပန်ပါတယ်နော်"

"ကျွန်တော့်ဘာသာ ငိုတာကိုခင်ဗျားက
ဘာလို့လိုက်တောင်းပန်နေတာလဲ"

"ကိုယ့်ရဲ့လင်ယောင်္ကျားလေးကို
မျက်ရည်မကျစေချင်လို့ပါကွာ..
ဒီ‌ကပန်းပွင့်လေးမျက်ရည်ကျရင်
ဒီကကောင်ကြီးမနေတတ်တော့လို့ပါ"

"ဟွန့် အိပ်တော့"

"အိမ်မက်လှလှမက်ပါစေ ချစ်တယ်"

"ကျွန်တော်ကောပဲ"

ထိုညမှာတော့ နှစ်ယောက်လုံးအတွက်
ဘာမှမလုပ်ရတဲ့ညလေးဖြစ်ပြီး
‌လင်ခိုးရင်းခြောက်တဲ့သရဲမ
တစ်သက်လုံးလင်မရပါစေနဲ့ဟုသာစိတ်ထဲတွင်မေတ္တာပို့နေလိုက်သည်။

****************

"ဝါး...အွန်း"

တိမ်စိုင်ဖြူနိုးလာသော်လဲ ဘေးက
အိပ်ယာခင်းမှာ အေးစက်နေသည်
ရူးပေါက်ချထားတာမဟုတ်

အခန်းထဲမှထွက်ပြီး
အိမ်အောက်ဆင်းတော့
ချစ်စမ်းမောင်တစ်ယောက် ထင်းခွဲနေသတဲ့

ချစ်စမ်းမောင်တစ်ယောက်ပြောင်းလဲသွားတာကို အကုန်သတိထားမိသည်
ပုံမှန်ဆို ကြက်ဝိုင်းရှိတယ်ဆိုတာနဲ့
ချစ်စမ်းမောင်တို့ကိုအရင်တွေ့ရတာကြောင့်
အခုဆိုအရီးခင်စိန်မခိုင်းပဲနဲ့တောင်
အလုပ်လုပ်နေတော့သည်

" ရွာဇော် " [ Complete ]Where stories live. Discover now