ပထမပိုင်း (unicode )

116 8 0
                                    

ခမ်းနားကျယ်ပြန့်လှတဲ့ Wang စံအိမ်တော်ဝင်းအတွင်းအစေခံများ အလုပ်သမားများ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည် အလှူကြီးပေးရူ် ပျော်ပွဲရွှင်ပွဲ ကျင်းပရန် ပြင်ဆင်နေကြခြင်းဖြစ်သည်
မကြာခင် စံအိမ်တော်ရဲ့ သခင်လေး Wang Lu Han ပညာတော်သင်ရာက ပြန်လာတော့မည်လေ

Wang စံအိမ်ဟုဆိုလျှင် သည်နယ်တဝှိုက် မသိသူမရှိ သူဋ္ဌေးကြီးWang တည်ထောင်ထားတဲ့
Tian Kong(ကောင်းကင်)အမည်ရှိ ကုန်ပစ္စည်း အာမခံပို့ဆောင်ရေးလှုပ်ငန်းအောင်မြင်မှုမှာ သည်နယ်ဝန်းကျင်တွင်သာမက မင်းနေပြည်တော်သို့ပင် ကျော်ကြားလေသည်

ကျွမ်းကျင်တိုင်ခိုက်ရေးသမားများ စိတ်ချယုံကြည်ရတဲ့ သစ္စာခံလူယုံများကြောင့် ကုန်ပစ္စည်းများ ပို့ဆောင်သည့်အခါ အပျက်အစီးအပျောက်ရှမရှိ သူခိုးဓားပြ ရန်ပူရန်မလို လိုရာခရီးအရောက်ပို့ဆောင်နိုင်လေသည်
သို့ကြောင့် သာမာန်အရပ်သားမှ မင်မှုထမ်းအရာရှိကြီးများအထိ တန်ဖိုးကြီးပစ္စည်းများ အရေးကြီးပစ္စည်းပို့ဆောင်ရာတွင် ကောင်းကင်အာမခံပို့ဆောင်ရေးကိုသာ အားထားကြလေသည်

. . . . . . .

"Wu Shi Xun အဖွဲ့မှူးWuခေါ်နေတယ်"

"ဗျာ ဟုတ်ကဲ့ လာပါပီ"

Wangစံအိမ်အတွင်းပြင်ဆင်မှုများကို လိုက်ငေးနေသောShi Xun ..ခေါ်သံကြားမှအသိဝင်လာသည်

ဦးလေးWuက ...ဘာလို့ခေါ်ပါလိမ့်....
ကျုပ်ရဲ့တစ်ဦးတည်းသော ဆွေမျိုးဦးလေး Wu Yi Fanက သူဋ္ဌေုးကြီးWangရဲ့ အားအထားရဆုံး လူယုံတစ်ယောက် ကောင်းကင် အာမခံပို့ဆောင်ရေးရဲ့ လုပ်သက်ကြာ အဓိက အဖွဲ့မှုးတွေထဲကတစ်ယောက် ရဲစွမ်းသတ္တိ အပြည့် တိုက်ခိုက်ရေးကျွမ်းကျင်တယ် တိကျပြတ်သားတယ် သစ္စာစောင့်သိတယ်

အဖေတခုသားတခုကျုပ်ကို ငါးနှစ်သားအရွယ်တည်းက အဖေ့ဆီကနေခေါ်ထားပီး သူနဲ့အတူနေစေခဲ့တာ ကျုပ်ရှေ့ရေးအတွက်ပေါ့ အဖေကတော့ တောစပ်ကအိမ်လေးမှာပဲနေရင်း ကျုပ်ထွက်လာပီး နှစ်နှစ်အကြာမှာ ငှက်ဖျားမိပီးဆုံးသွားခဲ့တယ်

Wangစံအိမ်ဝင်းအတွင်းက ဝန်ထမ်းအဆောင်မှာပဲဦးလေးWuနဲ့အတူနေထိုင်ရင်း
ကျုပ်အသက် ဆယ့်ခြောက်နှစ်ပြည့်ချိန်မှာတော့ ဦးလေးဆီကနေ အတိုက်အခိုက်ပညာသင်ယူပြီးနှင့်နေပီ
စာရေးစာဖတ်အခြေခံ မြင်းစီး မြှားပစ်စတဲ့ပညာတွေပါသင်ယူခဲ့တယ် ခုကျုပ်အသက် ဆယ့်ကိုးထဲဝင်ပီ တစ်ချိန်ကျရင် ကျုပ်ကဦးလေးနေရာဆက်ခံမယ့် သူတစ်ယောက်ဖြစ်ရမယ်
"ဦးလေးWu ကျုပ်ရောက်ပါပီ"

❤မခွဲအတူ❤Where stories live. Discover now