တတိယပိုင်း (unicode)

53 5 0
                                    

"သား ဒီကိစ္စသဘောမတူနိုင်ဘူး Ba Ba💥 သားအိမ်ထောင်မပြုချင်သေးဘူး"

"ဘာကြောင့်လဲ မင်းအသက် နှစ်ဆယ်ပြည့်ပီးပီ အိမ်ထောင်ပြုရမယ့်အရွယ်ပဲ သဘောမတူနိုင်တဲ့အကြောင်းအရင်းကိုပြော"

"သား..........."
Lu Han ပြောရန်သင့်မသင့် ချင့်ချိန်နေရသည် ချစ်သူရှိပါသည်ဟုဆိုလျှင် ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြောရတော့မည် Shi Xunနဲ့ သူ့ကို ကြည်ဖြူနိုင်မယ်တဲ့လား မမျှော်လင့်ရဲပါ အစဉ်အလာအသိုင်းအဝိုင်းဆိုတဲ့ တံတိုင်းကြီးက ဘယ်လောက်တောင် မြင့်မားလိုက်သလဲ ဖွင့်ပြောမိကာမှ ဝေးရမယ့်အဖြစ်မျိုးတော့ အဖြစ်မခံနိုင်ပါ အချိန်ဆွဲပီး တစ်ခုခုစီစဉ်ရတော့မည်လေ

"Baကလည်း..သားကို အချိန်နည်းနည်းပေးပါဦး ဒီတိုင်းလေးလွတ်လွတ်လပ်လပ် နေပါရစေဦး Ma မပြောတော့ဘူးလား"

Lu Han Ma Maဘက်သို့ လှည့်ချွဲကာစစ်ကူတောင်းပြန်၏

" ဟုတ်သားပဲ ရှင်ကလဲ လေးနှစ်ကြီးတောင် ခွဲခဲ့ရတာဖြင့်မကြာသေးဘူး ဒီတိုင်းလေးနေပါစေဦးလား ဘာတွေလောနေတာတုန်းရှင်"

"သမီးရှင်ဘက်က အရင်ကမ်းလှမ်းလာတာကွ Suanသူဌေးမင်းတို့က ဘယ်လောက်တောင် ဂုဏ်သရေရှိချမ်းသာကြွယ်ဝသလဲ မင်းအသိပဲ သူတို့သမီးလေးကလည်း စာပေထူးချွန်သူလေး သားနဲ့ ဝါသနာတူ ဖူးစာဖက်ပဲ ....Lu Han, Ba ရှည်ရှည်ဝေးဝေးမပြောတော့ဘူး တစ်ပတ်အချိန်ပေးမယ်
အချိန်ပြည့်တာနဲ့ ဟိုဘက်ကိုအကြောင်းပြန်ပေးရမယ် ဒါပဲ"

Lu Han မပြောသာတော့ပဲ ရသည့်အချိန်တစ်ပတ်အတွင်း နည်းလမ်းရှာရန်သာရှိတော့သည်
.......
.......

" Xun ပြောပါဦး ဘယ်လိုလုပ်ကြမလဲလို့"

Shi Xunခါးကိုသိုင်းဖက်ထားကာ ရင်ခွင်ထဲမှ မော့ကြည့်ပီး မေးခွန်းထုတ်နေတဲ့ သခင်လေးLu

"Luရယ် ဘယ်လိုလုပ်ရမှာလဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးလိုက်ပါLuရယ်"

"Xun ဘယ်လိုပြောလိုက်တာလဲ Luကိုမချစ်ဘူးလား Luနဲ့အတူမနေချင်ဘူးလား.....ဟင်"

"မေးတတ်လိုက်တာ Luရယ် နေချင်တာပေါ့ Luနဲ့ ဒီဘဝတင်မက နောက်ဘဝတွေအထိ အတူနေချင်တာပေါ့"

❤မခွဲအတူ❤Where stories live. Discover now