ဇာတ်​သိမ်းပိုင်း

1.9K 185 13
                                    

ဦး​​လေးWuရဲ့ တည်းဦးတည်း​သောချစ်​ရသူဟာ ​ယောင်္ကျားသားတစ်​​ယောက်​ဆိုရင်​ အများကအံ့သြကြ​လေမလား.....
ဟုတ်​​တယ်​ ဦး​လေးWuနဲ့ခုချိန်​ထိသိုဝှက်​စွာချစ်​​နေကြဆဲ ချစ်​ရသူက အဖွဲ့ (၃)ရဲ့ ​ခေါင်း​ဆောင်​ အဖွဲ့မှူးHuan (Huan Zi Tao)ပဲ

"ဘာဖြစ်​လဲ ..ဦး​လေးWuတို့ ခုချိန်​ထိချစ်​​နေကြတာပဲဟာ"

"ငါနဲ့Taoက မင်းတို့်​နှစ်​​ယောက်​နဲ့​တော့ ဘယ်​တူပါ့မလဲ ငါတို့ကအသက်​ရွယ်​လည်းရလာပီ ကိုယ်​ပိုင်​ဆုံးဖြတ်​ခွင့်​ရှိ​ပေမယ့်​လည်း မိသားစုနဲ့ ပတ်​ဝန်းကျင်​ကိုကြည့်​ပီး အများအမြင်​မှာ အရင်းနှီးဆုံးမိတ်​​ဆွေ​တွေအဖြစ်​နဲ့ပဲ ​နေ​နေကြရတာ
နှစ်​ကိုယ်​တူဘဝမတည်​​ဆောက်​နိုင်​​ပေမယ့်​လည်း
ဒီလိုအ​ခြေ​နေကိုပဲ ငါတို့​တွေ​ရောင့်​ရဲနိုင်​တယ်​ Shi Xun"

"ချစ်​သူရှိလာပီဆိုရင်​ ချစ်​ရသူနဲ့နှစ်​​ယောက်​တည်းကမ္ဘာတည်​​ဆောက်​ချင်​ကြတာ ဓမ္မာတာပဲမဟုတ်​လား ဦး​လေးWu"

"အဲ့ဒါကို​ပြောတာ​ပေါ့ Shi Xun ငါနဲ့ Taoက ကိုယ်​ဆီအိမ်​​ထောင်​မပြုပဲ ဒီလိုတစ်​သက်​လုံး ​ရင်းရင်းနှီးနှီး​နေထိုင်​သွားလို့ရတယ်​ မင်းတို့က​တော့မဖြစ်​နိုင်​ဘူး​လေ
မင်းကိုငါ ကိုယ်​ပိုင်​ဆုံးဖြတ်​ခွင့်​​ပေးရင်​​တောင်​ သခင်​​လေးLuက​တော့ သူ့အုပ်​ထိန်းသူမိဘ​တွေရဲံ့စီမံမှုကိုနာခံရမှာပဲ
Shi Xunဒါအစဉ်​အလာပဲ"

Shi Xun အတန်​ကြာ​တွေ​တွေ​လေး​ငေး​မော​နေမိသည်

"ကျုပ်​နားလည်​ပါတယ်​... တ​နေ့တချိန်​ကြုံ​တွေ့ရမှာပဲဆိုတာ အဲ့ဒီအချိန်​ကြ သခင်​​လေးLuရဲ့ဆန္ဒအတိုင်းပါပဲ သခင်​​လေးLuအဆင်​​ပြေမယ်​ဆိုရင်​ ​ပျော်​ရွှင်​နိုင်​မယ်​ဆိုရင်​ ကျုပ်​အရာရာကိုစ​တေးရဲပါတယ် လက်​ရှိချိန်​​လေးမှာ​တော့ ​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ အားပါးတရချစ်​ပါရ​စေ ဦး​လေးWu"

Wu Yi Fan တူ​တော်​​မောင်​ ပခုံး​ကိုအသာပုတ်​ကာနှစ်​သိမ့်​အား​ပေးလိုက်​သည်

"သတိ​တော့ထား​ပေါ့ ငါ့တူရာ ​ပျော်​ရွှင်​စရာအချိန်​​လေး​တွေ အကြာကြီးဆွဲဆန့်​နိုင်​ပါ​စေကွာ"

❤မခှဲအတူ❤Where stories live. Discover now