*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ

11.6K 1.9K 57
                                    

ရုန်ယိ သူ့ခါးကိုထိန်းကိုင်ထားဆဲဖြစ်သည့် ထိုယောက်ျားကိုပြန်ပြောလိုက်သည်။
"သူကခင်ဗျားရဲ့ ဆရာတူအစ်ကိုကြီးဘဲလေ"

ယင်ကျင်းရဲ့ "......"

ကျိုရွှီဂိုဏ်းရဲ့ ယောက်ျားလေးတပည့် ၇ယောကျ၈ယောကျလောကျ ဆိုင်ထဲဝင်လာကြသည်။ သူတို့ထဲကမှ အဖြူရောင်ဆံပင်ရှည်တွေနဲ့ ချောမောလှပတဲ့ ယောက်ျားတစ်ယောက်က ဆိုင်ထဲကလူတွေရဲ့ အာရုံကိုဖမ်းစားသွား၏။ သူက ကြည်လင်လှပတဲ့ အယ်မွန်စေ့ပုံစံမျက်ဝန်းတွေနဲ့ နှင်းဆီရောင်နှုတ်ခမ်းပါးလေးတွေကို ပိုင်ဆိုင်ထားသည်။ သူ့မျက်နှာကတော့ ဘယ်အရာကမှသူ့မျက်လုံးထဲမဝင်ရောက်နိုင်သလိုမျိုး အမူအယာကင်းမဲ့နေသည်။

သူ့ရဲ့ ရုပ်ရည်ကြောင့် ရုန်ယိ အံ့အားသင့်သွားရသည်။ ယင်ကျင်းရဲ့က ဆောင်းရာသီမှာပွင့်တဲ့နှင်းဆီပြာတွေလိုမျိုး ဆွဲဆောင်မှုရှိပြီး အေးစက်တယ်ဆိုရင် ဆံပင်အဖြူတွေနဲ့ယောက်ျားက ရွှံ့နွံတောထဲကနေဖူးပွင့်လာတဲ့ကြာပန်းတွေလိုမျိုး သန့်စင်လှပလေသည်။ ဘယ်သူကမှ သူ့ကိုနာကျင်အောင်လုပ်ရက်တဲ့ နှလုံးသားရှိမှာမဟုတ်ပေ။

ကျင်းယွဲ့ယောင် စုစီကိုအချက်ပြလိုက်ရင်း လူအုပ်ထဲတိုးဝှေ့သွားပြီးနောက် ဆံပင်အဖြူနဲ့ယောက်ျားဆီလျှောက်သွားကာ အတောက်ပဆုံးပြုံးပြလိုက်သည်။
"ဆရာတူအစ်ကိုကြီး "

ရုန်ယိထိတ်လန့်အံ့သြသွားရသည်။
ခြိီး!! သူကဆရာတူအစ်ကိုကြီးတဲ့လား..။ ဒါဆိုရင်တော့ မူလကိုယ်ပိုင်ရှင်က သူ့ကိုဘာလို့အရူးအမူးဖြစ်နေလဲ ရှင်းပြနိုင်သွားပြီ...။ သူကမဆိုးတော့မဆိုးပါဘူး..ဟမ့်။

စုစီ အရပ်ရှည်ပြီးသန်မာတဲ့ယောက်ျားတစ်ယောက်ကို ရုန်ယိရှေ့တွန်းပို့လိုက်ပြီး သူတို့ရဲ့ဆရာတူအစ်ကိုကြီး ပိုင်ယွမ်ချန် ရုန်ယိကို မမြင်အောင်ကာထားလိုက်သည်။ သူမကရုန်ယိကိုပါသတိပေးလိုက်သေးသည်။
"နင် ဂိုဏ်းထဲမှာနေချင်သေးတယ်ဆိုရင် ဆရာတူအစ်ကိုကြီးမမြင်အောင် ပုန်းနေ.."

ဒါက အတိအကျကိုဘဲ ရုန်ယိလိုချင်နေတဲ့အရာလည်းဖြစ်၏။ အကယ်၍ ပိုင်ယွမ်ချန်သာ သူ့ကိုတွေ့ကာ ရောက်လာပြီး အတိတ်ကအကြောင်းတစ်ခုခုပြောလာခဲ့မယ်ဆိုရင် သူဘယ်လိုပြန်တုံ့ပြန်ရမှန်းသိမှာမဟုတ်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now