ခွဲခွာခြင်း /ခြဲခြာျခင္း

873 33 11
                                    

ဟိုးရှေးရှေးတုန်းက.....

ဗာရာဏသီပြည်ကြီးမှာ မြေခွေးဖြူလေးတစ်ကောင်ရှိတယ်တဲ့။

မြေခွေးဖြူလေးလို့ သုံးနှုန်းလိုက်ခြင်းက အသက်အရွယ်ငယ်လို့ မဟုတ်ဘဲ အကောင်လေးသေးပြီး အမည်းရောင်လေးမဟုတ်လို့ပေါ့ကွယ်။

တကယ်တော့ ဒီမြေခွေးဟာ ၉၉ နှစ်ရှိလို့နေပြီဖြစ်သည်။

"မသွားပါနဲ့လားနှမရယ်....မောင်တော့်အနားမှာပဲ ဆေးပေးမီးယူ အဖြစ် လက်ကျန်ဘဝလေးတွေ ဖြတ်သန်းပါလား...."

"မရဘူး ဆုံးဖြတ်ပြီးသွားပြီ.....ကိလေသာကြီးကို စိတ်ကုန်နေလို့ တောထွက်တော့မှာကြောင့် မတားပါနဲ့တော့.....မောင်တော်လက်လျော့နေပါလေရော့...."

"မသွားပါနဲ့.....အူး....ဝူး.....မသွားပါနဲ့.....အူး......"

၉၉ နှစ်အရွယ် မြေခွေးအိုကြီးဟာ သူ့ရဲ့ ငယ်ကချစ်အနှစ်တရာကြီး တားမြစ်နေသည့်ကြားမှ တစ်ချက်တောင်လှည့်မကြည့်ဘဲ ထွက်လာတော့တာပေါ့ကွယ်။သူလည်း မျက်ရည်စလေးတွေကတော့ တစမ်းစမ်းပေါ့။ ကိလေသာစိတ်တွေ ဘယ်လောက်ကုန်ကုန် ငယ်ချစ်ဦးကြီးကိုတော့ ဘယ်ခွဲရက်ပါ့လိမ့်မလဲနော်။

ဤသို့နှင့် မြေခွေးအိုကြီးဟာ ဗာရာဏသီ မင်းနေပြည်တော်ကြီး ဆီမှ ထွက်ခွာလာရင်း ခြေဦးတည့်ရာ လျှောက်လို့ လာခဲ့တော့တယ်။

__________ __________

ဟိုးေရွးေရွးတုန္းက.....

ဗာရာဏသီျပည္ႀကီးမွာ ေျမေခြးျဖဴေလးတစ္ေကာင္ရွိတယ္တဲ့။

ေျမေခြးျဖဴေလးလို႔ သုံးႏွုန္းလိုက္ျခင္းက အသက္အရြယ္ငယ္လို႔ မဟုတ္ဘဲ အေကာင္ေလးေသးၿပီး အမည္းေရာင္ေလးမဟုတ္လို႔ေပါ့ကြယ္။

တကယ္ေတာ့ ဒီေျမေခြးဟာ ၉၉ ႏွစ္ရွိလို႔ေနၿပီျဖစ္သည္။

"မသြားပါနဲ႔လားႏွမရယ္....ေမာင္ေတာ့္အနားမွာပဲ ေဆးေပးမီးယူ အျဖစ္ လက္က်န္ဘဝေလးေတြ ျဖတ္သန္းပါလား...."

"မရဘူး ဆုံးျဖတ္ၿပီးသြားၿပီ.....ကိေလသာႀကီးကို စိတ္ကုန္ေနလို႔ ေတာထြက္ေတာ့မွာေၾကာင့္ မတားပါနဲ႔ေတာ့.....ေမာင္ေတာ္ လက္ေလ်ာ့ေနပါေလေရာ့...."

"မသြားပါနဲ႔.....အူး....ဝူး.....မသြားပါနဲ႔.....အူး......"

၉၉ ႏွစ္အရြယ္ ေျမေခြးအိုႀကီးဟာ သူ႔ရဲ့ ငယ္ကခ်စ္အႏွစ္တရာႀကီး တားျမစ္ေနသည့္ၾကားမွ တစ္ခ်က္ေတာင္လွည့္မၾကည့္ဘဲ ထြက္လာေတာ့တာေပါ့ကြယ္။သူလည္း မ်က္ရည္စေလးေတြကေတာ့ တစမ္းစမ္းေပါ့။ ကိေလသာစိတ္ေတြ ဘယ္ေလာက္ကုန္ကုန္ ငယ္ခ်စ္ဦးႀကီးကိုေတာ့ ဘယ္ခြဲရက္ပါ့လိမ့္မလဲေနာ္။

ဤသို႔ႏွင့္ ေျမေခြးအိုႀကီးဟာ ဗာရာဏသီ မင္းေနျပည္ေတာ္ႀကီး ဆီမွ ထြက္ခြာလာရင္း ေျခဦးတည့္ရာ ေလၽွာက္လို႔ လာခဲ့ေတာ့တယ္။

သောင်ပြင်က မြေခွေးအိုကြီး Kde žijí příběhy. Začni objevovat