နားခိုရာ

244 21 19
                                    

ဒီလိုနဲ့ တစ်နေ့ပုစွန်သုံးကောင်လောက်သာ အမြဲတမ်းစားကာ ကျောက်တုံးခေါင်းအုံးရင်း သုံးရက်လောက်ဖြတ်သန်းလာပြီးနောက် မြေခွေးကြီးဟာတွေးလိုက်တယ်။

အင်း....နားခိုစရာနေရာလေး ရှိရင်ကောင်းမှာပဲတဲ့။

တကယ်တော့ နဂိုဖြူတဲ့ မြေခွေးအိုကြီးဟာ သောင်ပြင်ပေါ်မှာရက်အနည်းငယ်လောက် ကျက်စားပြီးသွားတဲ့ အချိန်မှာ နေလောင်စပြုလာတာကြောင့်ပင်။

ဘာမှမရှိတဲ့ သောင်ပြင်ကြီးကို မျက်စိဝေ့ကြည့်လိုက်တော့ သူဒီကိုစလောက်လာကတည်းက သတိထားမိတဲ့ အရွက်မဲ့ သစ်ပင်ကြီးကို မျက်စိကျသွားသတဲ့။ထို့ကြောင့် ခြေတစ်လှမ်းကုဋေတစ်သန်းနဲ့ ခေါင်းလေးမော့ကာလျှောက်လာရင်း....

"ဟဲ့ ပလုတ်တုတ်...."

တစ်လက်မအရွယ် ကျောက်ခဲလေးနဲ့ ခလုတ်တိုက်မိရင်းချော်လဲပြန်ပါတယ်။ မြေခွေးအိုကြီးဟာ ကုန်းရုံးပြီးထလိုက်သော်လည်း တော်တော်နဲ့ပြန်ထလို့မရတာကြောင့် တစ်နာရီလောက် ကြာသွားပြီးမှ အားကိုပြုလို့ ပြန်ထလာရရှာတယ်။

ဒီလိုနဲ့ ဖြည်းဖြည်းချင်းလျှောက်လာရင်း သူနားခိုရာအဖြစ် ရွေးချယ်ထားတဲ့ သစ်ပင်ခြေရင်းနားကိုရောက်လို့လာပါတယ်။သစ်ပင်ကြီးက အရွက်တွေမဲ့နေတာကြောင့် နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်ခြင်းမရှိ။သို့သော်လည်း မြေခွေးအိုကြီးက မရှိမဲ့ရှိမဲ့ အရိပ်လေးကို ကပ်တွယ်ခိုရင်း နေဝင်တဲ့ အချိန်ထိ စောင့်ဆိုင်းနေပါတော့တယ်။

နေဟာ တဖြည်းဖြည်းဝင်လို့ နေ့တစ်နေ့ကုန်တော့မှာကြောင့် မြေခွေးအိုကြီး အိပ်ချင်လို့လာခဲ့တယ်။ ထို့ကြောင့် သူရွေးချယ်ထားရာ မိုးမလုံလေမလုံနေမလုံသစ်ပင်ကြီးအောက်မှာ "ဝါး..."ဆိုပြီးအပျင်းကြောဆန့်၍ လှဲအိပ်လိုက်တဲ့အချိန်မှာ.....

"ဗြုန်း...ဗြုန်း....ဗြုန်း....အုံး....အုံး....ချိမ်း...ဂျလိန်း..."

မိုးက ရုတ်တရက်ကြီး သောင်ပြင်ထက်မှာ မြေခွေးအိုကြီး အိပ်နေတဲ့နေရာတည့်တည့်ကိုပဲ ကွက်၍ရွာသွန်းလေ၍.....

အစကတည်းက မိုးမလုံတဲ့ သစ်ပင်ကြီးကြောင့် မြေခွေးအိုကြီးမှာ ကြွက်စုတ်လေအလား.....။
__________  ___________

ဒီလိုနဲ႔ တစ္ေန႔ပုစြန္သုံးေကာင္ေလာက္သာ အျမဲတမ္းစားကာ ေက်ာက္တုံးေခါင္းအုံးရင္း သုံးရက္ေလာက္ျဖတ္သန္းလာၿပီးေနာက္ ေျမေခြးႀကီးဟာေတြးလိုက္တယ္။

အင္း....နားခိုစရာေနရာေလး ရွိရင္ေကာင္းမွာပဲတဲ့။

တကယ္ေတာ့ နဂိုျဖဴတဲ့ ေျမေခြးအိုႀကီးဟာ ေသာင္ျပင္ေပၚမွာရက္အနည္းငယ္ေလာက္ က်က္စားၿပီးသြားတဲ့ အခ်ိန္မွာ ေနေလာင္စျပဳလာတာေၾကာင့္ပင္။

ဘာမွမရွိတဲ့ ေသာင္ျပင္ႀကီးကို မ်က္စိေဝ့ၾကည့္လိုက္ေတာ့ သူဒီကိုစေလာက္လာကတည္းက သတိထားမိတဲ့ အရြက္မဲ့ သစ္ပင္ႀကီးကို မ်က္စိက်သြားသတဲ့။ထို႔ေၾကာင့္ ေျခတစ္လွမ္းကုေဋတစ္သန္းနဲ႔ ေခါင္းေလးေမာ့ကာေလၽွာက္လာရင္း....

"ဟဲ့ ပလုတ္တုတ္...."

တစ္လက္မအရြယ္ ေက်ာက္ခဲေလးနဲ႔ ခလုတ္တိုက္မိရင္းေခ်ာ္လဲျပန္ပါတယ္။ ေျမေခြးအိုႀကီးဟာ ကုန္း႐ုံးၿပီးထလိုက္ေသာ္လည္း ေတာ္ေတာ္နဲ႔ျပန္ထလို႔မရတာေၾကာင့္ တစ္နာရီေလာက္ ၾကာသြားၿပီးမွ အားကိုျပဳလို႔ ျပန္ထလာရရွာတယ္။

ဒီလိုနဲ႔ ျဖည္းျဖည္းခ်င္းေလၽွာက္လာရင္း သူနားခိုရာအျဖစ္ ေရြးခ်ယ္ထားတဲ့ သစ္ပင္ေျခရင္းနားကိုေရာက္လို႔လာပါတယ္။သစ္ပင္ႀကီးက အရြက္ေတြမဲ့ေနတာေၾကာင့္ ေနေရာင္ဒဏ္ကို ကာကြယ္ေပးနိုင္ျခင္းမရွိ။သို႔ေသာ္လည္း ေျမေခြးအိုႀကီးက မရွိမဲ့ရွိမဲ့ အရိပ္ေလးကို ကပ္တြယ္ခိုရင္း ေနဝင္တဲ့ အခ်ိန္ထိ ေစာင့္ဆိုင္းေနပါေတာ့တယ္။

ေနဟာ တျဖည္းျဖည္းဝင္လို႔ ေန႔တစ္ေန႔ကုန္ေတာ့မွာေၾကာင့္ ေျမေခြးအိုႀကီး အိပ္ခ်င္လို႔လာခဲ့တယ္။ ထို႔ေၾကာင့္ သူေရြးခ်ယ္ထားရာ မိုးမလုံေလမလုံေနမလုံသစ္ပင္ႀကီးေအာက္မွာ "ဝါး..."ဆိုၿပီးအပ်င္းေၾကာဆန႔္၍ လွဲအိပ္လိုက္တဲ့အခ်ိန္မွာ.....

"ျဗဳန္း...ျဗဳန္း....ျဗဳန္း....အုံး....အုံး....ခ်ိမ္း...ဂ်လိန္း..."

မိုးက ႐ုတ္တရက္ႀကီး ေသာင္ျပင္ထက္မွာ ေျမေခြးအိုႀကီး အိပ္ေနတဲ့ေနရာတည့္တည့္ကိုပဲ ကြက္၍ရြာသြန္းေလ၍.....

အစကတည္းက မိုးမလုံတဲ့ သစ္ပင္ႀကီးေၾကာင့္ ေျမေခြးအိုႀကီးမွာ ႂကြက္စုတ္ေလအလား.....။

သောင်ပြင်က မြေခွေးအိုကြီး Where stories live. Discover now