စားရေးသောက်ရေး/ စားရေးသောက်ရေး

311 24 13
                                    

"ဂှီ...."

သောင်ပြင်ကို စစရောက်လာချင်းနေ့မှာ ရေမွန်းတဲ့ဒဏ်ရော မောပန်းတဲ့ဒဏ်တွေကြောင့် ကျောက်တုံးပေါ်ခေါင်းတင်ပြီး တစ်ချိုးတည်းအိပ်မောကျသွားရှာတဲ့ မြေခွေးအိုကြီးဟာ မနက်ရောက်တော့ အစာအိမ်ရဲ့ အချက်ပေးသံကြောင့်နိုးထလာရသည်။ ဒီအချိန်မှာ မြေခွေးအိုကြီး တွေးလိုက်မိတာက....

*ဪ....ဒီအချိန် မင်းနေပြည်တော် အရှေ့ဘက်
ကိုကြံ့ကြီးတို့မိသားစုရောင်းတဲ့ ဝက်အူချောင်းလေးစားလိုက်ရရင်ဖြင့်....*

မြေခွေးအိုကြီးက တွေးလိုက်ပြီးမှ ကျလာတဲ့ သွားရည်လေးကို လက်ခုံဖြင့်သုတ်လိုက်ကာ အတွေးရိုင်းတွေထွက်သွားအောင်ခပ်မိုက်မိုက်ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးဖြင့် ခေါင်းကို ခါထုတ်လိုက်သည်။ သို့သော် မငယ်တော့တဲ့ အသက်က စကားပြောလာတာမလို့ ခပ်ကြမ်းကြမ်းခေါင်းကို ခါထုတ်အပြီးမှာ ခေါင်းထဲမူးသွားလို့ ခဏလောက်ပြန်ငြိမ်လိုက်ရသည်။

*အနိစ္စ ဒုက္ခ အနတ္တ....ငါ ကိလေသာတွေဖြတ်ခဲ့ပြီလေ....ဒီလိုတွေ တွေးနေဖို့မသင့်....*

မြေခွေးအိုကြီးလည်း မင်းနေပြည်တော်က ဝက်အူချောင်းလေးတစ်ကိုက်လောက်ပဲဖြစ်ဖြစ်ပြန်စားချင်တဲ့ စိတ်လေးကို ချိုးနှိမ်လိုက်ကာ မနေ့ညက သူပြုတ်ကျခဲ့တဲ့ စမ်းချောင်းလေးအနီးပြန်လျှောက်လာခဲ့သည်။ စမ်းချောင်းလေးထဲမှာ ရေလေးတွေ တပွက်ပွက်ဖြစ်နေတာကြောင့် မြေခွေးအိုကြီးဟာ တစ်ခုခုရှိမှာပဲဟုတွေးလိုက်ကာ ရေထဲက အကောင်ငယ်လေးတွေကို ဖမ်းစားဖို့ ရေထဲဆင်းလိုက်သည်။

စမ်းချောင်းထဲဆင်းလိုက်တော့ တွေ့လိုက်ရတာ ရေကြည်ကြည်လေးတွေ အောက်မှာ ပြေးလွှားနေတဲ့ ပုစွန်ဆိတ်ကလေးတွေကို တွေ့သတဲ့။ ထို့ကြောင့် စားဖို့ လက်သည်းလေးနဲ့ကောက်ပြီး ဖမ်းလိုက်သော်လည်း တစ်ကောင်မှ ပါမလာ။ သူ တောမထွက်ခင်ကတည်းက လက်သည်းတွေကို သေသေချာချာ တုံးတိတွေဖြစ်သွားအောင်ကပ်ကြေးဖြင့် ညှပ်ထားခဲ့တာကြောင့်ပင်။

လက်သည်းဖြင့် ကောက်ဖမ်းလို့မရတော့တဲ့ အခါ မြေခွေးအိုကြီးဟာ ကင်းမြီးကောက်ထောင် ပြောင်းပြန်နေလိုက်ကာ သူ့ရဲ့ ခြေသည်းလေးများဖြင့် ပုစွန်ဆိတ်လေးများကို စဖမ်းတော့သတဲ့။

သောင်ပြင်က မြေခွေးအိုကြီး Where stories live. Discover now