294 22 12
မြေခွေးအိုကြီး သောင်ပြင်ပေါ်ရောက်လာတာ နှစ်နှစ်ရှိပြီ။ ဒီနေ့တော့ သူ့အသက် ၁၀၁ နှစ်ပြည့်သည့်နေ့။
ဒီနေ့ဒီအချိန်ရောက်လာတဲ့အခါ မြေခွေးအိုကြီးအနေနဲ့ အတ္တတွေ မာန်မာနတွေ အချစ်အမုန်းတွေဆိုတဲ့ကိလေသာစိတ်တွေ အရာရာကိုဆုံးရှုံးလို့ ငြိမ်းချမ်းခြင်းတရားကို ရရှိလာခဲ့တယ်။
ဒီနေ့ မြေခွေးကြီး​၏ နားခိုရာ သစ်ပင်ကြီးမှာ ပန်းဖြူဖြူတွေ တစ်ပင်လုံးဖွေးဖွေးလှုပ်ကိုဖြစ်လို့နေတယ်။ စစရောက်လာတုန်းက အရွက်တစ်ရွက်တောင်မရှိတဲ့ အပင်ကြီးက အခုတော့ ကိုင်းကျိုးကျမတတ် ပန်းပွင့်ဖြူဖြူတွေအဆုပ်လိုက်။
လေတစ်ချက်အဝေ့မှာ ကြွေဆင်းသွားတဲ့ ပန်းလေးတွေဟာလည်း သောင်ပြင်တစ်ပြင်လုံးခြေချစရာမရှိအောင်ပြည့်နှက်လို့နေသေး​၏။ လူတွေပြောတဲ့ ပန်းခင်းလမ်းဆိုတဲ့စကားလုံးလေးကို အစွဲပြုရင်တော့ ပန်းခင်းတဲ့ သောင်ပြင်လို့တောင် တင်စား၍ရသည်။
နေရောင်နွေးနွေးအောက်မှာ နှင်းကျတာမြင်ဖူးသလားလို့မေးရင်တော့ နှင်းလိုဖြူတဲ့ ပန်းပွင့်လေးတွေ နေရောင်အောက်မှာ လဲ့နေတာတော့ မြင်ခဲ့ဖူးပြီ။နှင်းပွင့်လေးတွေက အရည်ပျော်တတ်ပေမယ့် ပန်းပွင့်လေးတွေကတော့ အရည်မပျော်တတ်။ နေရောင်ကြောင့် ခြောက်သွေ့သွားသည့်တိုင်အောင် နဂိုသင်းရနံ့လေးက သောင်ပြင်ထက် ထင်ကျန်လို့နေဆဲ။
မြေခွေးအိုကြီးရဲ့ စိတ်ဟာ အရမ်းကိုကြည်လင်လို့နေတယ်။ မျက်လုံးကိုဖြည်းဖြည်းစုံမှိတ်ထားလို့ ဘဝဖြစ်စဉ်တွေအားလုံးကို ပြန်လည်အောက်မေ့နေတဲ့ဟန်က အလွန်ကိုတည်ငြိမ်လွန်းလှတယ်။ သစ်ပင်ကြီးအောက်မှာ ခပ်မတ်မတ်အနေအထားနဲ့ တရားအားထုတ်နေတဲ့ မြေခွေးအိုကြီးရဲ့ ခန္ဓာဟာတဖြည်းဖြည်း မြေပြင်နဲ့အသာအယာနီးကပ်လာတယ်။
သဘာဝတရားကိုအခြေခံလို့ရလာတဲ့ ခန္ဓာတစ်ခုဟာ နောက်ဆုံးအချိန်မှာလည်း သဘာဝတရားကြီးနဲ့ အနီးစပ်ဆုံးနေရာမှာ ကပ်လျက်ရှိခဲ့တယ်။ မြေခွေးအိုကြီး မျက်ဝန်းအိမ်ထဲမှာ ကောင်းကင်ထက်က အလင်းတန်းစူးစူးလေးတစ်ခုကို လှမ်းတွေ့လိုက်ရတော့ပြုံးပြလိုက်သေးတယ်။
သောင်ပြင်က မြေခွေးအိုကြီး Where stories live. Discover now