သောင်ပြင်ထက်က လွမ်းတေးတစ်ပုဒ်/ေသာင္ျပင္ထက္က လြမ္းေတးတစ္ပုဒ္

209 22 11
                                    

"အူး...ဝူး....ဝူး....ဝူး...."
(ဘယ်ဆီမှာများလည်း ဘယ်ရင်ခွင်နားလဲ ဒီအချိန်ဆိုဘယ်သူနဲ့ရှိနေမလဲ)

သောင်ပြင်ပေါ်သို့ရောက်လာပြီး သုံးလလောက်ကြာလာတဲ့အခါ မြေခွေးအိုကြီး​၏ စိတ်နှလုံးသားထဲတွင် တစ်စုံတစ်ရာကို သတိရလာတာကြောင့် ကျောက်တုံးပေါ်သို့ အရှေ့ခြေနှစ်ချောင်းကို တင်ကာ ညကောင်းကင်က လမင်းကြီးကိုမော့ကြည့်၍ရင်ထဲကလှိုက်တက်လာတဲ့အသံမျိုးဖြင့်အရှည်ဆွဲအူငင်လိုက်သည်။

သူမှတ်မိအောက်မေ့ပါသေးတယ်။

သူမင်းနေပြည်တော်မှ ချန်ရစ်ခဲ့တဲ့ မောင်တော်နဲ့ ဘယ်လိုအကြောင်းပါခဲ့လဲဆိုတာ။ ငယ်ရွယ်စဉ်မှာ အချစ်ကို မိုက်ရူးရဲဆန်ဆန်ကိုးကွယ်ခဲ့ရင်း သုံးခါတိတိ ခိုးရာလိုက်ခဲ့ပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့။ သူတို့မျိုးရိုးက အထက်တန်းလွှာဆိုတော့ မိဘတွေက မောင်တော်နဲ့သဘောမတူခဲ့တာပင်မဟုတ်လား။

ဒါ့ကြောင့် သူတို့မိဘတွေမရှိတော့တဲ့ အချိန် အသက်ရှစ်ဆယ်ကျော်လာတဲ့အခါမှ လက်ဆက်ခဲ့ကြခြင်းသာ။ အချစ်စစ်တို့လမ်း ဘယ်ဖြောင့်ဖြူးပါလိမ့်မလဲ။ အခုတော့ သူက တောထွက်လာခဲ့တဲ့အခါ ချန်ရစ်ခဲ့ရတာပါပဲ။

ဘယ်တတ်နိုင်ပါ့မလဲ မောင်တော်ရယ် ဒီဘဝမှာ သက်ဆုံးတိုင်ထိမပေါင်းရရင်လဲ နောက်ဘဝမှာနှမတော်ဦးဆုံးတွေ့ရတဲ့သူက မောင်တော်ဖြစ်ရပါစေပေါ့။

ကိလေသာစိတ်တို့ ကုန်လုရှိသော်လည်း....ငယ်ကချစ်နှစ်တစ်ရာကိုတော့ မေ့လို့မရနိုင်ခဲ့သေး......

ငယ်ကချစ်နှစ်တစ်ရာကိုတော့ မေ့လို့မရနိုင်ခဲ့သေး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

​ (မြေခွေးအိုကြီး​၏ မောင်တော်)

_________ _________

"အူး...ဝူး....ဝူး....ဝူး...."
(ဘယ္ဆီမွာမ်ားလည္း ဘယ္ရင္ခြင္နားလဲ ဒီအခ်ိန္ဆိုဘယ္သူနဲ႔ရွိေနမလဲ)

ေသာင္ျပင္ေပၚသို႔ေရာက္လာၿပီး သုံးလေလာက္ၾကာလာတဲ့အခါ ေျမေခြးအိုႀကီး​၏ စိတ္ႏွလုံးသားထဲတြင္ တစ္စုံတစ္ရာကို သတိရလာတာေၾကာင့္ ေက်ာက္တုံးေပၚသို႔ အေရွ႕ေျခႏွစ္ေခ်ာင္းကို တင္ကာ ညေကာင္းကင္က လမင္းႀကီးကိုေမာ့ၾကည့္၍ရင္ထဲကလွိုက္တက္လာတဲ့အသံမ်ိဳးျဖင့္အရွည္ဆြဲအူငင္လိုက္သည္။

သူမွတ္မိေအာက္ေမ့ပါေသးတယ္။

သူမင္းေနျပည္ေတာ္မွ ခ်န္ရစ္ခဲ့တဲ့ ေမာင္ေတာ္နဲ႔ ဘယ္လိုအေၾကာင္းပါခဲ့လဲဆိုတာ။ ငယ္ရြယ္စဥ္မွာ အခ်စ္ကို မိုက္႐ူးရဲဆန္ဆန္ကိုးကြယ္ခဲ့ရင္း သုံးခါတိတိ ခိုးရာလိုက္ခဲ့ေပမယ့္ တစ္ခါမွ မေအာင္ျမင္ခဲ့။ သူတို႔မ်ိဳးရိုးက အထက္တန္းလႊာဆိုေတာ့ မိဘေတြက ေမာင္ေတာ္နဲ႔သေဘာမတူခဲ့တာပင္မဟုတ္လား။

ဒါ့ေၾကာင့္ သူတို႔မိဘေတြမရွိေတာ့တဲ့ အခ်ိန္ အသက္ရွစ္ဆယ္ေက်ာ္လာတဲ့အခါမွ လက္ဆက္ခဲ့ၾကျခင္းသာ။ အခ်စ္စစ္တို႔လမ္း ဘယ္ေျဖာင့္ျဖဴးပါလိမ့္မလဲ။ အခုေတာ့ သူက ေတာထြက္လာခဲ့တဲ့အခါ ခ်န္ရစ္ခဲ့ရတာပါပဲ။

ဘယ္တတ္နိုင္ပါ့မလဲ ေမာင္ေတာ္ရယ္ ဒီဘဝမွာ သက္ဆုံးတိုင္ထိမေပါင္းရရင္လဲ ေနာက္ဘဝမွာႏွမေတာ္ဦးဆုံးေတြ႕ရတဲ့သူက ေမာင္ေတာ္ျဖစ္ရပါေစေပါ့။

ကိေလသာစိတ္တို႔ ကုန္လုရွိေသာ္လည္း....ငယ္ကခ်စ္ႏွစ္တစ္ရာကိုေတာ့ ေမ့လို႔မရနိုင္ခဲ့ေသး......

           ​ (ေျမေခြးအိုႀကီး​၏ ေမာင္ေတာ္)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

​ (ေျမေခြးအိုႀကီး​၏ ေမာင္ေတာ္)

သောင်ပြင်က မြေခွေးအိုကြီး Where stories live. Discover now