*24* မပြေးနဲ့စမ်း

11.4K 1.8K 9
                                    

ရုန်ယိ ဘာပုံစံရှိနေမှန်းတောင်မပြောနိုင်တဲ့ ဓားကိုယူလိုက်ပြီးနောက် မနေနိုင်ဘဲ ညည်းညူပြောဆိုလိုက်သည်။
"အာ...ဒါကြီးက အရမ်းရုပ်ဆိုးတာဘဲ.."

"မင်းရဲ့ သားလုပ်ထားတာ" ယွမ်ရိပြောလာ၏။

"ကျွန်တော် ဒီလိုပြောတယ်ဆိုတာ သူ့ကိုပြန်မပြောပါနဲ့နော်.." ရုန်ယိ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။

ဒီအခါ ယွမ်ရိက တိုက်တွန်းပြောဆိုလာသည်။
" ငါသူ့ကိုမပြောဘူးဆိုတာ ကတိပေးတယ်..။ အခု ဒါကိုဘယ်လိုမွမ်းမံလဲဆိုတာ ငါ့ကိုလုပ်ပြစမ်းပါ.."

ရုန်ယိ မှော်လက်နက်ရဲ့မျက်နှာပြင်ပေါ်မှာ အနည်းငယ် ညီညာတဲ့နေရာတစ်ခုကိုရှာလိုက်ပြီး သူ့လက်ဝါးထဲမှာ ဝိညာဥ်စွမ်းအားကို စုစည်းလိုက်သည်။ ဒီ့နောက် သူ့လက်ဝါးပေါ်မှာ ခရမ်းနီရောင် မီးပွားစလေးတွေထွက်လာတော့သည်။

ဆရာသခင်ယွမ်ရိက သူ့လက်ဝါးကို မျက်တောင်မခတ်စိုက်ကြည့်နေသည်။

ယင်ကျင်းရဲ့လည်း လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး ရုန်ယိနားကို တိတ်ဆိတ်စွာ ရွှေ့လာ၏။

ရုန်ယိ သူ့လက်ကို မှော်လက်နက်ပေါ်တင်လိုက်ရင်းရှင်းပြနေသည်။
"ကျွန်တော်တို့ သန္ဒေပြောင်းမိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောကိုလိုအပ်တဲ့ အကြောင်းအရင်းက သူ့မီးတောက်က တစ်ခြား မိုးကြိုး ၊ မီး ၊ ရွှေ ဝိညာဥ်ကြောတွေထက်ကို ပိုပြီးပူလို့ဘဲ..။ ကျွန်တော် လက်နက်ရဲ့မျက်နှာပြင်ကို မီးတောက်နဲ့အရည်ပျော်အောင်လုပ်လိုက်မယ်..။ ပြီးတော့မှ ဝိညာဥ်စွမ်းအင်ကို မိုးကြိုးစွမ်းအားနဲ့ပေါင်းလိုက်ပြီး လက်နက်ပေါ်မှာ အင်းကွက်တစ်ခုကို မွမ်းမံထွင်းထုလိုက်ရမယ်..။ ပြီးတာနဲ့ လက်နက်ရဲ့ မူလပုံစံကို မီးတောက်ကိုသုံးပြီး မြန်မြန် ပြန်ရအောင်လုပ်ရမယ်..။ အဆင့်က ၃ဆင့်တည်းဆိုပေမဲ့လည်း ဒါတွေအကုန်လုံးကို တစ်ချိန်တည်းမှာလုပ်သွားဖို့လိုတယ်....ဒီလိုလုပ်နိုင်မှသာ မှော်လက်နက်ရဲ့ နဂိုစွမ်းအားက မပျက်စီးဘဲ ရှိနေမှာ..."

ပြောရတာကတော့လွယ်ပေမဲ့ လိုက်လုပ်ဖို့ကတော့ ခက်ခဲ၏။ ဥပမာအနေနဲ့ လက်နက်ရဲ့မျက်နှာပြင်ကို မီးတောက်သုံးပြီး အရည်ပျော်အောင်လုပ်တယ်ဆိုတာကိုဘဲကြည့်...မျက်နှာပြင်ကို ၀.၀၀၁ မီလီမီတာလောက်ဘဲ ပိုပြီးအရည်ပျော်အောင်လုပ်လိုက်တာတို့   လုပ်တဲ့သူက အရည်အချင်းပြည့်ဝမှုမရှိတာတို့ဆိုရင် လက်နက်ကလုံးဝကို အမှိုက်ဖြစ်သွားလိမ့်မည်..။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now