12☁️🦋💔

1.1K 131 0
                                    

"သခင်လေး ဂျီဟာ သိပ်ပွင့်လင်းပေမဲ့ တခါတလေကြတော့
လဲ နားလည်ရခက်တဲ့ ပုစ္စာ လိုပဲ..ဒီပြုံးလိုက်တဲ့ အခါ လူကို သေစေနိုင်သလို ဒီမျက်ဝန်း ကျဉ်လေးတွေကပဲ လူကို နားလည်ရခက်ပြန်တယ်"

"မိန်းခလေး ယူ ခမည်တော်အခေါ်တော် လွတ်လိုက်လို့"

"ဟုတ် အိမ်ရှေ့စံ"

"ဂျီကော တခါတည်း လိုက်ခဲ့ပါလား..... "

"ဘာလိုက်လုပ်ရမာလဲ.. အာရုံနောက်နေတာ!

"ဂျီ ကိုရဲ့ မင်္ဂလာ ကိစ္စ အတွက် ဆွေးနွေး ဖို့ထင်တယ်!

"ငါလဲ အားနေတာပဲ သွားကြတာပေါ့.... "

ဂျီဟာ ဖတ်လက်စ စာရွက်ကလေးအား ထိပ်လေးချိုးကာ
အမှတ်အသား အဖစ် ထားပီး စာအုပ်လေးကို ပိတ်လိုက်
တယ်..
ထို့နောက် ယက်တောင်လေးကို ကိုင်ကာ ရှေ့က ဦးဆောင်
ပီး ထွက်သွားတဲ့ အလှတရားလေး

'သွားရအောင် ယောင်းငယ်!

နေရောင် ဖျော့ဖျော့အောက် နူးညံ့လွန်းတဲ့ပိုးသားလေးပမာ
အနက်ရောင် ဝတ်စုံဖြင့် တင့်တယ်နေသော.. အလှလေး
ညို့အားပြင်းသည့် မျက်ဝန်းတွေဟာတော့ အမြဲ တောက်ပ
နေ၏....

နေရောင် စူးသည်ထင်ပါရဲ့ ယက်တောင်လေးကို ဖြန့်ကာ
နေမင်းကြီးအား မျက်နာ မထိုးစေရန် ကာလေ၏......

ဂျီ၏ ဘေးမှ အနက်ရောင် ဝတ်စုံသာ ဝတ်ဆင်သော
ယောင်းငယ်. သည် လက်ဆွဲတော် ဓားလေးအား ကိုင်ကာ
အလှတရားလေးအား စောင့်ရှောက်ပေးရန် ကံတရားက စီးစဉ်ထားသည့်အတိုင်း အလှလေး၏ ယောင်းငယ်ပင်...

ကျတော်က သခင်လေးရဲ့ အရိပ်ပါ.. သူကောင်းသည်ဖစ်စေ
ဆိုးသည် ဖစ်စေ ဘယ်တောခါမှ မစွန့်ပစ်ပါဘူး.. သူစွန့်ပစ်
ခဲ့ရင်တော့ တမျိုးပေါ့....

နောက်မာတော့ ဒီနိုင်ငံ၏ နောင်လာမည့် အရှင်သခင် သာ
ဖစ်၏.. အပြာရောင် မင်းသား ဝတ်ရုံ ဝတ်ဆင်ပီး အနက်
ရောင်ဆံကေသာ အား အပေါ်တဝက်အား သူ၏ အလှတရား
လေး ပေးထားသော နဂါးပုံ ဆံထိုးလေးဖြင့် ထုံးကာ
အောက်တထပ်ကား ချထား၏.....

သခင်လေး ဂျီဟာ အရှေ့ဘက် နန်းဆောင် ခြမ်းတွင်သာ
နေတာကြောင့် နန်းတွင်း ခန်းမ ဘက်မှ အစေခံအသစ်
တွေဟာ မသိချေ.....

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Where stories live. Discover now