20B☁️🦋💔

1.1K 132 5
                                    

"အရမ်းချစ်ကြတာ မှန်ပေမဲ့ ချစ်တဲ့ အချစ်တွေက မတူဘူး!¿

"တယောက်က ငါ့အပိုင်ဆိုတဲ့ အတ္တစိတ်လေး နဲ့ ချစ်တယ်!
-တယောက်က မပိုင်ရရင် နေ လုံးဝ အထိအခိုက်မခံနိုင်ဘူး/
အမြဲ ပျော်ရွင်စေချင်တဲ့ အဖြူရောင် နောင်ကြိုးငယ်လေးနဲ့
ချစ်တယ်!
-တယောက်က ချစ်ရသူ အမျိုးသားလေးပေးတဲ့ နာကျင်မှု
တွေကို မျက်ကွယ်ပြုထားပီး မီးကုန်ယမ်းကုန် ချစ်တယ်!

'အချစ်က" စကားစုလေး တခုပေမဲ့ ကျတော်တို့ သုံးယောက်
အတွက်တော့ နာကျင်စေတဲ့ စကားစုလေးပါ! နက်နဲ
ပီး ကြောက်စရာ ကောင်း အင်အားကြီးလွန်းတဲ့ အရာ!

*အချစ်*

ဂျွန်ဟာ ဂျီငယ် ကို နူးညံ့သည့် အထိအတွေ့မှ ပြင်းထန်တဲ့
အထိအတွေ့ သို့ ချက်ချင်းပြောင်းကာ တဖက်သို့ ဆွဲလဲ့
လိုက်၏... နူးညံ့ခြင်းကနေ ခက်ထန်သည့် အနေအထားကို
အချိန်ခနအတွင်း ပြောင်းလဲ ပစ်နိုင်သည့် ဂျွန်...!

ဂျွန်ဟာ ဂျီထက် ခေါင်းတလုံးစာ ပိုရှည်သည့် အပြင် ခန္ဓာယ်
ဟာလဲ ဂျီထက်ထွားတာကြောင့် ရင်ခွင်ထဲ နစ်ဝင်နေသည့်
လိပ်ပြာငယ်...

နောက်ကနေ ခါးသိမ်သိမ်လေးကို သွေးကြောစိမ်း လေးတွေ အထင်းသား ပေါ်နေသည့် ကြီးမားသည့် လက်အစုံဖြင့် ခါးသိမ်သိမ်ထပ် ရစ်ပစ်ကာ ခါးအသာလေး ကိုင်းပီး ဂျီ၏ နားနားတွင် တိုးရှလွန်းပီး ကြက်သိန်းမွေးညင်းတွေပါ ထောင်တက်တဲ့ အထိ စိတ်ခြောက်ခြားစေနိုင်သောအသံနက်ဖြင့်..

"အပစ်ပေးတာ မျက်တောင်မခတ်ပဲ ကြည့်နေ!

နန်းရင်ပြင် တွင် ဒူးထောက်ကာ အသံမထွက်အောင် ငိုယို
နေသည့် ကြင်ယာတော် ဂျီ နန်းဆောင်မှ အမှုထမ်းအခြေအရံ
တွေ ထိုထဲတွင် အသက်မပြည့်သေးသော ကလေးငယ်က အစ ပါဝင်နေ၏..... ကြောက်လွန်းနေသည့် ကလေးငယ်
ကော အခြွေအရံတွေဟာ တုန်ရီကာ မျက်လွာကိုသာ ချ
ထားကြ၏...

"မသေချင်သေးဘူး.. အီးဟီး!!!!!!

"ဟိုကလေးကို မသတ်နဲ့...!!!

"သတ်စေ!!

ဩရှပီး အာဏာပျင်းလွန်းသည့် မင်းအာဏာစက်အောက်တွင်
အပစ်မရှိတဲ့ ကလေးငယ်အပါအဝင် အခြွေအရံတွေပါ အသက်ပေးလိုက်ရ၏....

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Where stories live. Discover now