22A ☁️🦋💔

1.2K 107 2
                                    

ကျတော်က ကျတော်နာကျင်ရမာထပ်ကို ကျတော့နားက လူ
နည်းစုလေး နာကျင်မာ သိပ်ကြောက်တာ... ပီးတော ကျ
တော်က အစွဲအလမ်း ကြီးတယ်လေ.. အဲ့ကြောင့် တဖက်က
စွန့်ပစ်လာတဲ့အခါလဲ မသေရုံတမယ် ပြိုလဲပီး စိတ်ဒဏ်
ရာတွေ ကျန်နေခဲ့တယ်.. .ကျတော်က လူတယောက်ကို
ချစ်မိရင် သူဆိုးသည် ဖစ်စေ ကောင်းသည် ဖစ်စေ ကျတော်ဘယ်တောခါမှ စွန့်ပစ်မှာ မဟုတ်ဘူး.. ဘာလို့ဆို ပစ်ချခံရတဲ့ ခံစားချက် ပစ်မယ်ခံရတဲ့ ခံစားချက်က ဘယ်လောက်နာကျင်ပီး..အားငယ်ရတယ် ဆိုတာ ကျတော်... ကောင်းကောင်းသိလို့လေ..............

အဲ့ဒါကြောင့် ကျတော့်ဘဝ မှာတော့ သစ္စာ တရားက အဓိ
က ကျတယ်လို့ မှတ်ယူမိတယ်.. (ဂျွန်ငယ်)

လူ့ဘဝ ထဲ တီတီ တာတာ စကားလေးတွေ ပြောတတ်တဲ့
အရွယ်ထဲက အမေ အဖေ ဆိုတဲ့ နာမ်စားလေးကို မသင်ခဲ့
ရဘူး..! ဘဝမှာ တကြိမ်တောင် မခေါ်ခဲ့ရဘူး! ဘွားဆိုတဲ့
ကျတော့ဘဝ အတွက် နွေးထွေးလှမ်းကူ ပေးတဲ့ အမျိုးသ
မီးလေးနဲ့ သာ ဘဝကို စတင်ခဲ့ရတယ်..!

တခါလေးတောင် အိမ်ကို မိဘတွေ အကြောင်း စေ့စေ့စပ်စပ်
မမေးခဲ့ဘူး.. ကျတော် ပြောတယ်လေ ကျတော်က"ကျတော်
နာကျင်ရမာထပ် ကျတော့နားက လူနည်းစုလေး နာကျင်ရမာ
ကို သိပ်ကြောက်တာ 'လို့.. (တကယ်တော့ ဘွားက
ကျတော့မိဘတွေ ဆုံးတုန်းက တော်တော်စိတ်ထိခိုက်သွား
တယ်လို့ နစွန်နဖျား လေးကြားခဲ့မိတယ်)..

စိတ်ဒဏ်ရာ ဆိုတာကလေ သေရာပါ အမဲစက်ကြီး လိုပဲ!
ဘယ်ဆေး/ဘယ်ကုနည်း နဲ့မှ ပျောက်သွားတယ် ဆိုတာ
မရှိဘူး! အဲ့ ဒဏ်ရာဟာ ဘဝရဲ့ အစိတ်အပိုင်းတွေကို တစ
စီ တိုက်ဖျတ်သွားတဲ့ မကောင်းတဲ့ နတ်ဆိုးပဲ!

အဲ့ဒါကြောင့် ကျတော့မိဘတွေ အကြောင်း ဘွားကို မမေးဖစ်
ဘူး..!လွမ်းလွန်းတဲ့ အချိန်အခါတွေဆို တံခါးကိုလော့ခ် ချ
တခန်းလုံးက လိုက်ကာတွေကို ချပီး ဆောင်ခေါင်းမူးချုံလိုက်
်တယ် ပီးတော့မှ ဓာတ်မီးလေးနဲ့ ဓာတ်ပုံ အနွမ်းလေးကို
ထိုးကြည့်ပီး အသံတိတ် ငိုခဲ့ရတဲ့ ရက်တွေ ပါ..!

ဘယ်သူမှလဲ မသိလိုက်သလို.. ဘယ်သူကို မှလဲ အနှောက်
အယှက်မဖစ် စေခဲ့ဘူး လေ..!ကျတော့ဘဝ မှာ ဓာတ်ပုံဆို
လို့ အဖြူအမဲ color လေးနဲ့ တပုံပဲ ရှိခဲ့တယ်!

🖤Empire JI🖤ဧကရီ ဂျီ 🌼🦋 [ complete ]Where stories live. Discover now