*25* ကြည့်လို့ဝပြီလား

11.7K 1.9K 52
                                    

ညစာစားချိန်ရောက်နေပြီဖြစ်ပြီး ယင်ကျင်းရဲ့ကတော့ ထုံးစံအတိုင်းသူတို့နဲ့အတူ လာမစားပေ။

ရုန်ယိ ယင်ကျင်းရဲ့ ရဲ့နေရာမှာထိုင်ချလိုက်သည်။
ယင်ကျင်းရဲ့က သူတို့နဲ့အတူညစာတောင်လာမစားတာကို သူနဲ့ရင်းနှီးအောင် ဘယ်လိုများလုပ်ရပါ့မလဲ..။ နေ့တိုင်း သူ့ကိုဆွဲခေါ်ပြီး စျေးဝယ်ထွက်ဖို့ဆိုတာကလဲ အဓိပ်ပါယျမရှိပေ။

ညစာစားပြီးတဲ့အခါ လေ့စိုင့်က သူ့သိုလှောင်လက်စွပ်ထဲကနေ အနီရောင်လက်ဆောင်သေတ္တာကြီးထုတ်လိုက်ပြီး ရုန်ယိကိုပေးလာသည်။
"မင်းအတွက်.."

"ငါ့အတွက်!!" ရုန်ယိ မျက်ခုံးပင့်လိုက်ပြီး ဟာသလုပ်လိုက်သည်။
"ဒါ ငါ့အတွက်လက်ဆောင်လား..မှန်းကြည့်ပါရစေဦး..မင်းငါ့ကို ဒါပေးတာက ငါ့ဆီကနေ လက်နက်မွမ်းမံတာသင်ချင်လို့ပေါ့...မင်းကငါ့ကို လာဘ်ထိုးချင်နေတာပေါ့ ဟုတ်တယ်မလား.."

"သိရင်လည်း ဘာလို့များမေးနေသေးလဲ.." လေ့စိုင့် နှာခေါင်းရှုံ့လိုက်သည်။

ရုန်ယိ သရော်လိုက်၏။
" ဒါက မင်းသူများဆီက အကူအညီတောင်းတဲ့အခါ ပြုမူတဲ့ အပြုအမူတဲ့လား.."

လေ့စိုင့်ရဲ့ အမူအယာအနည်းငယ်ပြောင်းသွားပြီးနောက် သူ့ကိုယ်သူနှိမ့်ချရုံသာတတ်နိုင်တော့သည်။
"မင်းငါ့ကို မွမ်းမံထွင်းထုတာ သင်ပေးအောင် ငါဘာလုပ်ပေးရမလဲ.."

"မင်းသာငါ့ကို စိတ်ကျေနပ်စေနိုင်မယ်ဆိုရင်ပေါ့."
ရုန်ယိ လက်ဆောင်ကိုဖွင့်နေရင်း ပြောလိုက်သည်။
" မင်းငါ့ကိုဘာပေးလဲဆိုတာ ကြည့်လိုက်ဦးမယ်..."

"မင်းအရမ်းကြိုက်မှာပါ.." လေ့စိုင့် ပြောလိုက်၏။

ရုန်ယိ သေတ္တာကိုဖွင့်လိုက်တဲ့အခါ ပုလင်းတွေနဲ့ ကရားတွေ အစုံလိုက်ကိုတွေ့လိုက်ရသည်။ သူတစ်ခုကိုကောက်ယူပြီးစစ်ဆေးကြည့်လိုက်သည်။
"ဒါဘာတွေလဲ.."

"ဒါက ဒီကျုံးဟိုင်နယ်မြေကြီးတစ်ခုလုံးမှာ နာမည်အကြီးဆုံး အလှပြင်ပစ္စည်းတံဆိပ်ဘဲ..။ ဒါကြောင့် အမျိုးသမီးကျင့်ကြံသူအမြောက်အများက ဒါတွေအတွက် တန်းစီနေကြရတာ..။ အာ..အဟမ်း..ငါ ငါ့သူငယ်ချင်းတစ်ယောက်ကို တောင်းဆိုပြီး.ဒီလိုပုလဲမှုန့်ပုလင်းကြီးတွေဝယ်ခိုင်းလိုက်တာ..။ ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ ဒီလိုပုလင်းအများကြီး ဘယ်သူမှ ဝယ်လို့မရဘူး။ ဆိုတော့ မင်းဘယ်လိုထင်လဲ..ကြိုက်လား မကြိုက်ဘူးလား.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now