IX. Mending Your Heart

2.7K 300 177
                                    

CHAPTER - 9
[Mending Your Heart]

Unicode-

​ေဆာင်းဦးမနက်ခင်း မှန်ပြတင်းဆီက တိုးဝင်လာတဲ့ နေရောင်ခြည်ဟာ လိုက်ကာတွေကနေတစ်ဆင့် အခန်းထဲအထိ တစ်စွန်းတစဖြာကျနေတယ်။ နှုိးစက်မလိုဘဲ အချိန်မှန်နိုးလေ့ရှိတဲ့ ကျွန်တော်က နေရောင်ခြည်ရဲ့ အငွေ့အသက်ရတာနဲ့ ချက်ချင်း အိပ်ရာကနိုးလာတတ်တာ။

ဒီတစ်ကြိမ် နိုးထလာခြင်းမှာ အရင်နေ့တွေနဲ့မတူဘဲ ထွေးထွေးမှုတစ်ခုကို ခံစားမိနေတယ်။ ကျွန်တော်ဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခံထားရပြီး နွေးထွေးတဲ့ခံစားချက်ဟာ သူ့ရင်ခွင်ဆီကမြစ်ဖျားခံတယ်။

သူဘယ်သူဆိုတာ ကျွန်တော့်နှလုံးသားရော အသိစိတ်ကရော သိနေပြီးသားမို့ ဘယ်သူလဲလို့ နှုတ်ကဖွင့်မေးစရာ မလိုတော့ပါဘူး။ ကျွန်တော် သိပ်ချစ်နေရတဲ့ မျက်လုံးဝိုင်းဝိုင်းပိုင်ရှင်လေး ဂျွန်ဂျောင်ဂုက ကျွန်တော့်ကို ပွေ့ဖက်ပေးထားတာ။

နွေးထွေးတဲ့ သူ့ရင်ခွင်ဟာ ချစ်ခြင်းတရားရဲ့ အငွေ့အသက်တွေပါ လွှမ်းခြုံနေခဲ့တာမို့ ကျွန်တော့်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေပါ ယှက်သန်းလာခဲ့တယ်။ သိပ်မကြာခင်မှာ ကျွန်တော့်အတွက် ပိုပျော်ရွှင်စရာတွေ ရောက်လာတော့မယ်။

" အစ်ကိုထယ် နိုးလာပြီလား "

ကျွန်တော့်ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်မိတာနဲ့ နိုးနှင့်နေပုံရတဲ့ ဂျောင်ဂုဟာ အိပ်ရာထခါစ ခပ်လေးလေးလေသံနဲ့ အမေးစကားဆိုလာတယ်။ ကျွန်တော်လည်း သူ့မေးခွန်းကိုပြန်ဖြေဖို့ သူနဲ့မျက်နှာချင်းဆိုင်အောင် ခန္ဓာကိုယ်ကိုလှည့်ရင်း သူ့ကိုအရင်ပြုံးပြမိတယ်။

" အင်း အစ်ကိုနိုးလာပြီ။ အစ်ကို အအေးမိပြီး မဖျားသွားအောင် တစ်ညလုံး နွေးနွေးထွေးထွေး ဖက်ပေးထားလို့ ကျေးဇူးပဲနော် "

ဂျောင်ဂုက ကျွန်တော့်ကို ရွှန်းရွှန်းစားစားမျက်ဝန်းတွေနဲ့ ပြန်ကြည့်ရင်း အတောက်ပဆုံး ပြန်ပြုံးပြလာတယ်။ သူ့လက်ချောင်းလေးတွေဟာလည်း အိပ်ရာနိုးခါစ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ကျွန်တော့်ဆံနွယ်တွေကြား ယုယုယယပွတ်သပ်လို့။

Rain On Me (Completed) Where stories live. Discover now