*26* စိတ်ဝင်စားစရာဘဲ

11.2K 2K 23
                                    

ယင်ထောင်အတွက် ဒါကပထမဆုံးအကြိမ် သူ့အဖေရယ် ဖေဖေရယ်နဲ့ အတူတူအိပ်ရမှာဖြစ်တာကြောင့် အရမ်းကို စိတ်လှုပ်ရှားနေ၏။ ရုန်ယိကို အခန်းထဲဆွဲခေါ်လာပြီးတာနဲ့ အိပ်ယာဆီကိုပြေးသွားပြီ်း သူ့ရင်ဘက်လောက်မြင့်နေတဲ့ အိပ်ယာပေါ်ကို ကုပ်ကပ်တက်သွား၏။ သူ့ရဲ့ သိုလှောင်လက်ကောက်လေးထဲကနေ ခေါင်းအုံးအသေးလေးနဲ့ စောင်ကိုထုတ်လိုက်ပြီး ယင်ကျင်းရဲ့ရဲ့ပစ္စည်းတွေဘေးမှာနေရာချလိုက်သည်။ ထို့နောက် သူ့ရဲ့ ခေါင်းအုံးအသေးလေးကို ပုတ်ပြပြီး စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်၏။
"ဖေဖေ....အဖေ   ဒီကိုလာကြလေ.."

ယင်ထောင်ရဲ့ တလက်လက်တောက်ပနေတဲ့ မျက်လုံးလေးတွေကိုကြည့်ပြီး ရုန်ယိ သူ့ကို မငြင်းပစ်လိုက်ရက်ပေ။ ဒါကြောင့် သူယင်ကျင်းရဲ့ ကိုသာ ပြန်လှည့်ကြည့်လိုက်ပြီး သူ ဒီကလေးစုတ်လေးကို ငြင်းလိုက်ပါစေလို့သာ ဆုတောင်းနေမိသည်။

ယင်ကျင်းရဲ့ တောက်တောက်ပပပြုံးပြနေတဲ့ ကလေးလေးကို တစ်ချက်ကြည့်ကာ ခုံပေါ်ပြန်ထိုင်လိုက်ပြီး သူ့လက်နက်ကိုပြန်သုတ်နေရင်းနဲ့ ပြောလိုက်၏။
"မင်းတို့နှစ်ယောက် အရင်အိပ်နှင့်.."

ရုန်ယိ သူ့ကိုပြင်းပြင်းထန်ထန်စိုက်ကြည်လိုက်သည်။ သူ့ကို ကလေးကို ငြင်းခိုင်းစေချင်တာလေ ဒီမှာနေခွင့်ပြုခိုင်းလိုက်ဖို့မဟုတ်ဘူးလေ...။

"ဖေဖေ..လာခဲ့...ဖေဖေ...လာခဲ့..ဖေဖေ..ဒီကိုလာခဲ့လို့.." ယင်ထောင် အိပ်ရာပေါ်မှာ လိုက်လှိမ့်နေ၏။

ရုန်ယိ သူ့ပါးစပ်ကိုဖွင့်လိုက်ပေမဲ့ နောက်ဆုံးတော့လည်း သူ့ကိုမငြင်းပယ်နိုင်ပေ။ ကလေးတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ တစ်အိပ်ယာတည်းအိပ်ဖို့ဆိုတာက ပြဿနာကြီးတစ်ခုတော့မဟုတ်ပေ။ ဒါ့အပြင် အခန်းပိုင်ရှင်ကတောင် သဘောတူနေတာကို သူကမိန်းကလေးတစ်ယောက်လို ညည်းညူနေလို့မသင့်ပေ။

သူအိပ်ယာဆီသွားလိုက်တာနဲ့ ယင်ထောင်က သူ့ဆီပြေးဝင်လာတော့သည်။
"ဖေဖေ အိပ်ယာဝင်ပုံပြင်...အိပ်ယာဝင်ပုံပြင်.."

ရုန်ယိ မျက်လုံးထောင့်တွေ တွန့်သွားရသည်။
"ငါ့အခန်းငါပြန်အိပ်တာ ကောင်းမယ်ထင်တယ်.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now