1:1

360 71 29
                                    

ထိုလူသည်ကား ဂျွန်ဂျောင်ဂုပင်ဖြစ်သည်။
ဂျောင်ဂုသည် တောင်ကိုရီးယားနိုင်ငံ၏ ပြောက်ကျားတပ်ဖွဲ့မှ ဂျပန်တော်လှန်ရေး တပ်သားတစ်ဦးဖြစ်သည်။

ပထမကမ္ဘာစစ် ( 1914 - 1918 ) အပြီး၌
ပျက်စီးဆုံးရှုံးမှုများစွာ ရရှိခဲ့သည့်
တောင်ကိုရီးယားနိုင်ငံသည် ဒုတိယကမ္ဘာစစ်ကြီး ( 1939 - 1945 ) စတင်ဖြစ်ပွားသည့် အချိန်ထိ
နိုင်ငံထူထောင်ရေးလုပ်ငန်းများအား ၊ ကောင်းမွန်စွာ ပြန်လည်မလုပ်ဆောင်နိုင်သေးကြချေ။ ထိုသို့ဖရိုဖရဲဖြစ်နေသည့် အခြေနေအား အခွင့်ကောင်းယူကာ ၊ ဂျပန်တို့က နိုင်ငံအာဏာကို ဝင်၍ထိန်းသိမ်းခဲ့သည်။ ဂျပန်တို့သည် တောင်ကိုရီးယားပြည်သူများအား ငြှင်းပန်းနှိပ်စက်ခြင်း ၊ သတ်ဖြတ်ခြင်းတို့ကို ရုတ်ရင်းကြမ်းတမ်းစွာ လုပ်‌ဆောင်ခဲ့ကြသည်။ ထိုအခါ တောင်ကိုရီးယားပြည်သူအပေါင်းတို့သည် ဂျပန်တို့၏ ဖိနှိပ်ချုပ်ချယ်မှုအောက်တွင် မနေနိုင်တော့သည့်အဆုံး ၊ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြလေသည်။

တောင်ကိုရီးယားတော်လှန်ရေးတပ်သားများသည်
အင်အားနည်းပါးသောကြောင့် ၊ ဖက်ဆစ်ဂျပန်တို့အား ခြုံခိုကာ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။

ဂျောင်ဂုသည် ဒုတိယကမ္ဘာစစ် မစတင်မှီက
သာမာန်အရပ်သား ၊ ပြည်သူတစ်ယောက်သာဖြစ်ခဲ့လေသည်။ သို့သော် နယ်ချဲ့တို့၏ ဖိနှိပ်မှုကိုမခံနိုင်သည့်အဆုံးတွင်မူ ၊ တော်လှန်ရေးတပ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

တစ်နေ့၌ ဂျောင်ဂုတို့ တော်လှန်ရေးတပ်စခန်းအား
သတင်းပေး ၊ ဒလန်တစ်ဦးကြောင့်
နယ်ချဲ့တို့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။ လျှက်တပြတ် ဝင်စီးခြင်းခံရမှုကြောင့် အချို့သော
တော်လှန်ရေးတပ်သား ညီအစ်ကိုတို့သည် အဖမ်းဆီးခံခဲ့ရသည်။ အချို့တပ်သားများမှာမူ
တောအတွင်းသို့ ပြေးဝင်ကာ ၊ လွတ်ရာလမ်းကြောင်းသို့ ထွက်ပြေးကြရလေသည်။

ကံဆိုးလှသည့် ဂျောင်ဂုသည် ဖမ်းဆီးခံရသော
တပ်သားများအတွင်း ပါဝင်ခဲ့သည်။
ဂျပန်ပုလိပ်တို့သည် ဂျောင်ဂုတို့ တပ်သားများကို
လက်နောက်ပြန်ထား၍ သံဆူးကြိုးဖြင့်တုပ်ကာ
ရိုက်နှက်ခေါ်ဆောင်လာခဲ့ကြသည်။

𝐖𝐚𝐲 𝐁𝐚𝐜𝐤 𝐇𝐨𝐦𝐞 || Yoonkook fanfiction ||Where stories live. Discover now