ဂျောင်ဂုလည်း အဖိုးညွှန်လိုက်သည့် လမ်းအတိုင်း
ထွက်လာခဲ့လေသည် ။ လောလောနှင့် ထွက်လာခဲ့သည်မို့ အပေါ်ကုတ်ဝတ်ဖို့မေ့ခဲ့လေသည်။
တောင်ပေါ်ဒေသဖြစ်တာမို့ နေပူနေသော်လည်း
အအေးဓာတ်က လျော့မသွားချေ။အချို့ လမ်းဘေး၌ ပေါက်နေသော
အပင်လေးများသည် ရေခဲတို့နှင့်ပင် အနည်းငယ်ဖုံးလွှမ်းနေသည်။ လယ်ကွင်းကြီးတစ်လျှောက် အတော်လေး အေးခဲနေလေသည်။ ယွန်းဂီ ဒီနေရာကြီးကို ဖြတ်ပြီး ၊ ဘာလို့များ ဘုရားကျောင်းပျက်ကြီးထဲ သွားလဲဆိုတာ ဂျောင်ဂု စဥ်းစားလို့မရချေ။ဂျောင်ဂု လယ်ကွင်းပြင်ကြီးကို ဖြတ်လာသည့်အခါ
တောင်ကုန်းလေးပေါ် ထီးထီးကြီး တည်ရှိနေသည့် ဘုရားကျောင်းပျက်ကြီးကိုတွေ့လိုက်ရသည်။
နားကြားမှာတာလား ၊ ဘုရားကျောင်းခေါင်းလောင်းမှ လေတိုက်၍ ထွက်ပေါ်လာသည်လားသေချာမသိ ၊ လွမ်းဆွတ်ဖွယ်ကောင်းလှသော သီချင်းတစ်ပုဒ်အား ခပ်လွင့်လွင့်လေးကြားနေရသည်။ဂျောင်ဂု ဘုရားကျောင်းထဲ ဝင်ရန်
လျှောက်လာရင်း ၊ လမ်းဘေး၌ ပေါက်နေသော
အပင်တစ်ပင်ကိုလည်း လက်တစ်ဆုပ်စာကြီး ဆွဲနှုပ်ခဲ့သေးသည်။ အပင်သည် ဘာအပင်မှန်းတော့ သေချာမသိချေ။ ရိုးတံမှာမှ အဖြူရောင်အပွင့်ပိစေလေးတွေ ပါနေလေသည်။ အဖြူရောင်လေးဆိုတော့ ယွန်းဂီနှင့် လိုက်လောက်မည်။ရေခဲတွေဖုံးနေသည့် ထိုပန်းစည်းအား
လေထဲတွင် ဆတ်ခါဆတ်ခါ,ခါလိုက်သည်၊ဂျောင်ဂုလည်း ပန်းစည်းအား ကိုင်လို့
ဘုရားကျောင်းထဲဝင်လာခဲ့လေသည်။
ဘုရားကျောင်းကြီးသည် ထိုင်ခုံများ ကျိုးပဲ့နေသည်။ တရားဟောပြောရန် စတိတ်စင်မျက်စောင်းထိုးနား၌ စန္ဒယားကြီးတစ်လုံးရှိသည်။
စန္ဒယားကြီးသည် ဘယ်လောက်တောင် ကြာနေပြီမှန်းမသိ ၊ အဖုံးတောင်မရှိတော့ချေ။
စန္ဒယား ခြေထောက်တိုင်မှာ ၊ တစ်တိုင်မရှိတော့တာကြောင့် အကောင်းတိုင်ဖြစ်နေစေရန် သစ်တိုသစ်စများဖြင့် ခုထားသည်။
YOU ARE READING
𝐖𝐚𝐲 𝐁𝐚𝐜𝐤 𝐇𝐨𝐦𝐞 || Yoonkook fanfiction ||
Randomဤဇာတ်လမ်း၌ ပါဝင်သမျှ ဇာတ်ကောင် ( ဂျွန်ဂျောင်ဂုနဲ့ မင်ယွန်းဂီ ကလွဲ၍ ) ၊ နေရာ၊ လူနေမှုပုံစံ ၊ သမိုင်းနောက်ခံနှင့် ရိုးရာပွဲတော်များအားလုံးသည် စာရေးသူ၏ စိတ်ကူးယဥ် ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည်။