3:3

363 66 52
                                    

ဂျောင်ဂု ကောင်းကောင်းလမ်းလျှောက်နိုင်နေပြီဖြစ်သည် ။ သို့သော် အရင်လိုပြန်ဖြစ်ရန် ၊ အနည်းငယ်လိုသေးတာမို့ ယွန်းဂီတို့ အိမ်၌သာ
ရောဂါပျောက်ကင်းသည်ထိ နေရအုံးမည်။

အဖိုးက ဘယ်လောက်ကြာကြာ နေခွင့်ပေးသည် ၊
ယွန်းဂီကလည်း သိပ်မရှိန်နေတော့တာမို့
ကြည်ဖြူစွာပင် လက်ခံသည်။

သို့သော် ဂျောင်ဂု တတ်နိုင်သမျှကိုတော့
ဝိုင်းလုပ်ပေးသည်။ ထင်းခွဲပေးတာတို့ ၊ယွန်းဂီ ဟင်းချက်နေရင် ဘေးကနေ အာလူးနွှာပေးတာတို့တော့ လုပ်ပေးတတ်သည်။ အရင်က တောထဲမှာ ကိုယ့်ဘာသာကို ချက်စားကြရတာမို့ ဒီလောက်ကတော့ လုပ်တတ်ပါသည်။

အဖိုးကတော့ ဂျောင်ဂုကို ဝင်မကူညီဖို့ပြောသော်လည်း ၊ ဂျောင်ဂုက ဒီတိုင်းကြီး လူမမာလို နေနေရသည်မှာ အားနာရတာမို့ ဝိုင်းကူညီပေးသည်။

ယွန်းဂီနှင့်လည်း အနည်းငယ် ရင်းနှီးနေပြီဖြစ်သည်။ အရင်လို မြင်တာနှင့် တစ်ယောက်က ညာဘက်သွား ၊ တစ်ယောက်က ဘယ်ဘက်ကိုထွက်သွားတတ်သည့် အခြေနေမျိုးတော့ မဟုတ်တော့ချေ။ စကားအနည်းတော့ ပြောဖြစ်လာသည် ၊ သို့သော် သိပ်ပြီး ရင်းနှီးနေသည့် ဆက်ဆံရေးတော့မဟုတ်။

ဂျောင်ဂု တစ်ခါတစ်ရံ ယွန်းဂီအား ရူးနေသည်လို့တောင် ထင်မိသည် ။ ယွန်းဂီသည် ကန်စွန်းဥ နှုတ်နေရင်းပင် ၊ တစ်ယောက်တည်း နှုတ်ခမ်းတစ်ချွန်ချွန်နှင့် ဘာတွေ တိုးတိုးပြောနေမှန်းမသိ။
တစ်ခုခုကို စိတ်လှုပ်ရှားတတ်ရင်လည်း ခါးစည်းအဝတ်ကို လက်ထိပ်နီတာရဲလေးတွေဖြစ် ထိုးဆိတ်ကာ ၊ မျက်လုံးက ပေကလယ်နှင့် တောင်ကြည့်မြောက်ကြည့် ၊ ကြည့်တတ်သေးသည်။

ယွန်းဂီ ၊ မျိုးရိုးနာမည်က မင်တဲ့
မင်ယွန်းဂီတဲ့လေ ။
ယွန်းဂီက သူ့ထက် ခြောက်လသာငယ်သော် ကောင်ငယ်လေးတစ်ယောက်ပင်။ ယွန်းဂီက စာဖတ်ရသည်ကို သဘောကျသည် ။ ယွန်းဂီက အချစ်ဝတ္ထုတွေဖတ်ရတာထက် သမ္မာကျမ်းစာတွေကို ဖတ်ရတာ သဘောကျသည်ဟုပြောတုန်း
ဂျောင်ဂု ဟက်ဟက်ပက်ပက် ရီမောခဲ့ဖူးသည်။

" ဂျွန်ဂျောင်ဂု... အဖိုးက မင်းကိုလိုက်ရှာနေတယ် ၊
ပြောစရာရှိလို့တဲ့ "

𝐖𝐚𝐲 𝐁𝐚𝐜𝐤 𝐇𝐨𝐦𝐞 || Yoonkook fanfiction ||Where stories live. Discover now