4:4

305 60 31
                                    

မိုးသောက် ရောင်ခြည်သည်ကား
ဖြာလင်းလျက်ရှိနေသော်လည်း
အအေးဓာတ်သည်ကား လျော့မသွားသေးချေ။

နှင်းမကျသေးသော်လည်း ချမ်းစိမ့်စိမ့်ဖြင့်
ဆောင်းရာသီကြီးသည် နေလို့ထိုင်လို့သိပ်မကောင်း။

အချိန်အားဖြင့် နာရီပြန်တစ်ချက်ထိုးနေပြီဖြစ်သည်။ အဖိုးကတော့ ဆေးပေါ့လိပ်တစ်လိပ်နှင့် သတင်းစာတ်စောင်ကို ဧည့်ခန်းထဲ၌ ထိုင်ဖတ်နေသည်။ ဂျောင်ဂုကလည်း ဆောင်းတွင်းအတွက် ထင်းတွေလုံလောက်စွာ ခွဲထားပြီးပြီမို့ ၊ အေးစိမ့်စိမ့်ဖြစ်နေသည့် ရာသီဥတုကိုမမှုပဲ ချွေးစတို့ ကျဆင်းနေသည်။ ဂျောင်ဂုလည်း အဖိုးနှင့် မလှမ်းမကမ်းဝင်ထိုင်ကာ ၊ ရေဒီယိုဟောင်းကြီး၏ ရစ်ဘီးလုံးအား ဟိုဒီဆော့ကစားနေမိသည်။

အိမ်၌ ယွန်းဂီမရှိပုံရသည်။
ဘယ်ရောက်လို့ ဘယ်ပျောက်နေမှန်းမသိ၊
အရင်ကဆို ယွန်းဂီ၏ အသံခပ်စာစာနှင့်
အိမ်လေး အနည်းငယ်ဆူညံလို့နေတတ်သည်။
ယွန်းဂီက တကယ်ပင် ခိုဝင်စားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ရမည် ။ ဘာလုပ်လုပ် ညည်းညူနေတတ်သော်လည်း အလုပ်ကို စနစ်တကျပြီးမြောက်အောင် လုပ်တတ်သည်။

" အဖိုး ယွန်းဂီကော.. မတွေ့ပါလား "

အဖိုးက ဖတ်လက်စ သတင်းစာကိုခေါက်ကာ ၊ ဘေးနားမှ အသင့်ငှဲ့ထားသည့် ရေနွေးကြမ်းအား မော့သောက်လိုက်သည်။ ထို့နောက် ဂျောင်ဂုဘက်သို့လှည့်ကာ...

" ဘုရားကျောင်းသွားတယ်လေ... မင်းကို ပြောမသွားဘူးလား "

ဂျောင်ဂုက ဖြေးညှင်းစွာ ခေါင်းခါပြသည်။

" ဘယ်နှယ့်တုန်း ယွန်းဂီမရှိလို့ ပျင်းနေပြီလား ၊
အတော်လေး ခင်တွယ်နေကြပြီကို ..."

" အာ... မဟုတ်ပါဘူးဗျာ ၊ မတွေ့မိလို့ မေးကြည့်တာပါ အဖိုးရာ "

ဂျောင်ဂုက လည်ပင်းကိုပွတ်ကာ ၊ ရှက်ရဲရဲဖြင့်
ဖြေသည်။

" လိုက်သွားချင် လိုက်သွားလေ.. လယ်ကွင်းကြီးကိုဖြတ်လိုက် ၊ အဲ့တာကျော်ရင် ဘုရားကျောင်းပျက်ကြီးရှိတယ် .. ယွန်းဂီ အမြဲသွားနေကျ "

" မသွားတော့ပါဘူး .. အဖိုးတစ်ယောက်တည်း "

အမှန်တကယ်ဆို ဂျောင်ဂုလိုက်သွားချင်ပါသည်။
သူနှင့် စကားနိုင်လုနေကြ ယွန်းဂီကို မျက်စိအောက်ကပင် တစ်စက္ကန့်လောက်ပျောက်သွားလျှင်ပင် တစ်ခုခု လစ်ဟာနေသလိုခံစားရသည့် ခံစားချက်အား သိပ်သဘောမကျပေ။

𝐖𝐚𝐲 𝐁𝐚𝐜𝐤 𝐇𝐨𝐦𝐞 || Yoonkook fanfiction ||Where stories live. Discover now