*27* သူအထင်လွဲသွားတာဘဲ

11.3K 1.8K 35
                                    

နောက်တစ်နေ့ မနက်စောစောမှာတော့ ရုန်ယိတစ်ယောင် ယင်ထောင်ရဲ့အနမ်းလေးနဲ့ နိုးလာခဲ့၏။

"ဖေဖေ.." ယင်ထောင် သူ့လက်ကလေးတွေနဲ့ ရုန်ယိရဲ့လည်ပင်းကိုဖက်လိုက်ပြီး သူ့မျက်နှာပေါ်ကို နမ်းလိုက်သည်။

မနက်စောစောမှာနိုးနိုးခြင်း သူ့ဖေဖေကိုတွေ့လိုက်ရတာကြောင့် ယင်ထောင် အရင်နေ့တွေကထက် ပိုပြီးပျော်ရွှင်နေ၏။

"ကောင်းသောမနက်ခင်းလေးပါ " ရုန်ယိ အပျင်းကြောဆန့်ရင်း ပြောလိုက်သည်။

"ဖေဖေ  ညီလေးရောအဆင်ပြေရဲ့လား.." ယင်ထောင် ရုန်ယိရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်ရင်းမေးလာသည်။

ဒါကိုကြားတာနဲ့ ရုန်ယိ သူ့ကိုယ်သူ မနက်ခင်းနိုးထမှု ဖြစ်နေကြောင်းသတိပြုမိသွားသည်။ ဒါကြောင့် စောင်ကိုဆွဲယူပြီး သူ့ရဲ့အဓိကနေရာကိုဖုံးပြီးတာနဲ့ ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။
"ကလေးစုတ်လေး..မင်းဘယ်နေရာတွေကို လိုက်ကြည့်နေတာလဲ.."

"ဒီကို.." ယင်ထောင်က ရိုးရိုးသားသားနဲ့ သူ့ရဲ့ ဗိုက်ကြီးကို ထိုးပြ၏။

ရုန်ယိ  "......"

ဒါဆို ဒီကလေးပြောတဲ့ ညီလေးဆိုတာက သူ့ဗိုက်ထဲက ကလေးကိုပေါ့...။ ခြီိး!!. . သူအထင်လွဲသွားတာဘဲ...။

"ခွီးးး" ဘေးနားက တစ်ယောက်ယောက်က ထရယ်လိုက်သည်။ အဲ့ဒီသူကတော့ သူတို့ကို အိပ်ယာထဖို့ လာလုပ်ပေးတဲ့ ရုန်စုဘဲ ဖြစ်၏။ ရုန်ယိ နဲ့ ယင်ထောင်တို့ ကြားက အပြောအဆိုဆက်ဆံရေးက ဒီလောက်ရယ်ရမယ်လို့ သူမထင်ထားခဲ့ပေ။

ခုံပေါ်မှာ တရားထိုင်နေတဲ့ ယင်ကျင်းရဲ့ တောင်မှ မနေနိုင်ဘဲ နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားရ၏။

ရုန်ယိ လှည့်ကြည့်လိုက်တော့ ရုန်စုကိုတွေ့လိုက်တာကြောင့် မကျေမနပ်နဲ့ မေးလိုက်၏။
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ."

"ကျွန်တော်က သခင်လေးနဲ့ သခင်ငယ်လေးတို့ အိပ်ယာထပြီး အဝတ်လဲဖို့ နဲ့ မနက်စာစားကြဖို့ လာလုပ်ပေးတာပါ." ရုန်စုက ပြန်ဖြေလာသည်။

"သူ့ကို အရင်လုပ်ပေးလိုက်" ရုန်ယိ ယင်ထောင်ကို သူ့ဆီပေးလိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now