*28* ရယ်စရာကောင်းလိုက်တာ

10.5K 1.8K 5
                                    

ရုန်ယိနဲ့ ရုန်စု လှည့်ကြည့်လိုက်တဲ့အခါ ၁၅နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်က သူတို့ကို ရှက်ရွံ့စွာနဲ့ ကြည့်နေတာ တွေ့လိုက်ရသည်။

ဘာတုံ့ပြန်မှုမှ မရတာကြောင့် ကောင်လေးက သူတို့ငြင်းလိုက်မှာကြောက်ပြီး စိုးရိမ်စွာနဲ့ ရှင်းပြလာသည်။
"ကျွန်တော်...ကျွန်တော်က..အဆင့်၁ ပန်းပဲဆရာဘဲ ရှိသေးတာဆိုပေမဲ့ အဆင့်မြင့် အဆင့်၁ မှော်လက်နက်ကို လုပ်ဖူးပါတယ်..။ ဒါကြောင့် ခင်ဗျားတို့အတွက် အဆင့်မြင့် မှော်လက်နက်လုပ်ပေးနိုင်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်.."

ရုန်ယိ သူ့မျက်လုံးထဲက ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကိုတွေ့တာကြောင့် မေးလိုက်၏။
"အကယ်၍ ငါကမင်းကို ငါ့ညွှန်ကြားမှုအောက်မှာဘဲ လုပ်စေချင်တာဆိုရင်ရော မင်းငါ့အတွက် မှော်လက်နက်လုပ်ပေးချင်စိတ်ရှိသေးလား.."

ပုံမှန်အားဖြင့်တော့ ပန်းပဲဆရာတွေမှာ သူတို့ကိုယ်ပိုင် အလေ့အကျင့်တွေရှိ၏။ သူတို့က သူတို့ရဲ့ဆရာ ဒါမှမဟုတ် သူတို့ထက် အဆင့်မြင့်တဲ့သူတွေကလွဲပြီး တစ်ခြားသူကအကြံပေးတာကို မနှစ်သက်ကြပေ။ မဟုတ်ရင်တော့ သင်ကသူတို့ကိုအထင်သေးနေတာလို့ ထင်သွားနိုင်သည်။

"ခင်ဗျားပြောတာတွေက မှန်မယ်ဆိုရင်တော့ ကျွန်တော် ခင်ဗျားပြောတဲ့အတိုင်းလိုက်လုပ်မယ်"
ကောင်လေးက စိတ်အားထက်သန်စွာနဲ့ ပြောလာသည်။

"ကောင်းပြီ မင်းကို အလုပ်အပ်လိုက်ပြီ ။ မင်းနာမည်ဘယ်လိုခေါ်လဲ.....ဘယ်မှာနေတာလဲ " ရုန်ယိ ပြုံးပြပြီး မေးလိုက်သည်။

"ကျွန်တော့်နာမည်က ကျန်းစွန်းကျစ်ချန်ပါ  ကျွန်တော်က ဟိုနားက တဲလေးမှာနေတယ်.."
သူတို့နှစ်ယောက်လုံးက လိုက်လျောညီထွေဆက်ဆံကြတာကြောင့် သူအစတုန်းကလိုသိပ်မကြောက်တော့ပေ။ သူ သူတို့နှစ်ယောက်ကို သူ့ရဲ့တဲလေးထဲခေါ်လိုက်ပြီးနောက် ရှက်ရွံ့စွာပြောလိုက်သည်။
"ကျွန်တော့်နေရာက နည်းနည်းတော့ ရှုပ်ပွနေတယ်..စိတ်ထဲမထားဖို့မျှော်လင့်ပါတယ်ဗျာ.."

ရုန်ယိ ပတ်ပတ်လည်လိုက်ကြည့်နေသည်။ အိမ်က အခန်း၃ခန်းပါ၏။ အလယ်ကအခန်းရဲ့ တံခါးဝနားမှာ အိမ်တွင်းဖြစ်ရိုးစင်းတဲ့ ဝတ်စုံကိုဝတ်ထားတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက် တရားထိုင်နေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now