အပိုင်း (၂)

7.4K 1K 177
                                    

((Zawgyi))

အပိုင်း (၂)

💍💍💍
ရှိုလေးလုသည် အတန်းပြီးသည်နှင့် ဆရာများနားနေခန်းသို့ ပြန်ခဲ့သည်။ သူက စာကြည့်စားပွဲပေါ်သို့ မှောက်အိပ်လိုက်သည့်အခါ သူ့ဘေးတစ်ဝိုက်တွင် စိတ်ဓာတ်ကျသည့် အမည်းရောင်လေထုတို့က အုပ်ဆိုင်း​ထားသည်။

"ရှောင်လု၊ မင်း သုတ်လွှတ်တာများပြီး အသက်ထွက်တော့မှာလား?"

ရှောင်လု၏ သူငယ်ချင်းကောင်းလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ကာယနည်းပြဆရာ၊ ဆရာရန်က နားနေခန်းထဲသို့ ဝင်လာသည်နှင့် အာဗြဲသံကြီးနဲ့ အော်ထည့်လိုက်ရာ ရှောင်လုထံသို့ မရေမတွက်နိုင်သော မျက်လုံးများ ချက်ချင်း ကျရောက်လာသည်။

သူတို့၏ ဌာနမှူးဖြစ်သူသည် ထိုအသံဗြဲကြီးကိုကြားတော့ သူ့မျက်မှန်ကို လက်ညှိုးဖြင့်အပေါ်သို့ ပင့်တင်လိုက်ရင်း အတည်ပေါက်ကြီးပြောလာသည်။

"ရှောင်လု၊ လူငယ်ဆိုတာ အလွန်အကျွံမဖြစ်အောင် ချင့်ချိန်ပြီး လုပ်သင့်တယ်နော်"

"မဟုတ်ဘူး၊ ဌာနမှူး။ ဒီဝက်ဝံကို မယုံနဲ့။ ကျွန်တော် ဒီရက်ပိုင်း ကောင်းကောင်း မအိပ်ရလို့ နည်းနည်းနုံးနေရုံပါ။ ဒါမှမဟုတ် ကျွန်တော် ခွင့်နည်းနည်းယူပြီး အားမွေးလိုက်ရမလား?"

ထိုအခါ ဌာနမှူး၏ ပါဝါထောင်ချီ မျက်မှန်အထူကြီးမှ အလင်းတန်းများ ချက်ချင်း လက်သွားကာ:

"မင်း သွေးအားတိုးဆေး လိုချင်လား?"

ရှောင်လုသည် ထိုစကားကြားသည်နှင့် အလိမ္မာနည်းသုံးကာ ချက်ချင်း ငြင်းလိုက်သည်။ ဌာနမှူး၏ သွေးအားတိုးဆေး ဆိုသည်မှာ အဆင့်မြင့်ဆရာအတတ်သင်အရည်အချင်းစစ် စာမေးပွဲဖြစ်ရင်ဖြစ်၊ မဟုတ်လျှင် ကျောင်းဆရာများအတွက် ထိပ်တန်းအဆင့် အရည်အချင်းစစ်စာမေးပွဲများဖြစ်သည်။ ၄င်းတို့က သူ့အတွက် ဘဝ၏ အားဖြည့်ဆေးများ ဖြစ်လေသည်။

နာရီကို လှမ်းကြည့်လိုက်တော့ အချိန်က အတန်းတစ်ခုနှင့်တစ်ခုကြား ခေတ္တနားနေချိန်ဖြစ်သည်။ သို့နှင့် ရှောက်လုသည် ထိုင်ရာမှခုန်ထကာ ဆရာရန်ကို ဆွဲခေါ်ပြီး ကန်တင်းဘက် ထွက်ခဲ့သည်။

ငါ့ယောကျာ်းကို ကွာရှင်းချင်တယ် (Completed)Where stories live. Discover now