အပိုင်း (၅.၁)

5.5K 870 18
                                    

((Zawgyi))

အပိုင်း (၅.၁)

💍💍💍

ရှောင်လုနှင့် လောင်ချင်တို့အတွဲသည် ရှောင်လုက ရန်စူးစူးကို သူ၏အကြံပေးအဖြစ် ဆရာတင်လိုက်ချိန်မှစ၍ ကွာရှင်းဖို့ အကြောင်းအမျိုးမျိုးပြကာ ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နှင့် နေလာသည်မှာ အခုဆို (၇)နှစ်ရှိခဲ့ပြီ။

လောင်ချင်ကတော့ ရှောင်လုကို သူနှင့် စတွေ့သည့်အချိန်ကတည်းက အမြဲတမ်း အလိုလိုက်ခဲ့သည်။ သူ့ကို အဖော်ပြုကာ သူ၏ကွာရှင်းဖို့ အမျိုးမျိုးအကြောင်းရှာသောင်းကျန်းပြီး ဗရုတ်သုတ်ခ လုပ်သမျှကိုလည်း သည်းခံခွင့်ပြုထားသည်။ သူက ထိုအပြုအမူများက သူတို့၏ သာမန်ဘဝတွင် ပျော်စရာလေးများ ယူဆောင်လာသည်ဟုပင် ယူဆ​​နေသည်။

အမှန်ပင်။ လောင်ချင်သည် အောင်မြင်ကျော်ကြားမှုများ၊ ကြွယ်ဝချမ်းသာမှုများနှင့် ဂုဏ်ကျက်သရေရှိသည့် အနုပညာအသိုင်းအဝိုင်းထဲတွင် ကျင်လည်နေသော်လည်း သူ့ဘဝကတော့ အလွန်ရိုးရှင်းကာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟုသာ ယူဆထားသည်။ ပြီးတော့ ရှောင်လုသာလျှင် သူ့ဘဝကို အံ့ဩစရာများ၊ အရောင်လေးများဖြင့် ဖြည့်စွမ်းပေးနိုင်သည်ဟု သူယုံကြည်သည်။

တစ်နည်းအားဖြင့် ရှောင်လုတစ်ဦးတည်းကသာ သူ့ဘဝကို အရောင်အသွေး စုံလင်စေကာ အံ့ဩစရာများ ယူဆောင်ပေးနိုင်​သည်။

ထို့အပြင် လောင်ချင်သည် ရှောင်လုထက် (၁၀)နှစ်ပိုကြီးသည်။ ထို့​ကြောင့် မိမိ၏ ငယ်ရွယ်သော ချစ်သူလေးကို ရင်ဆိုင်ရဖို့ လောင်ချင်တွင် ယုံကြည်ချက် အမြဲတမ်း ရှိ​နေတာတော့မဟုတ်​ပေ။ အဘယ့်​ကြောင့်ဆိုသော် လောင်ချင်က တစ်ချိန်လုံးအလုပ်များနေပြီး ထို့အကြောင်းကြောင့်ပဲ သူ့မှာ 'ရှန်းရွှီ' ဟုခေါ်သည့် အချစ်ပြိုင်ဖက်တစ်ယောက် ပေါ်ပေါက်လာသည်။ ထို့အပြင် လောင်ချင်သည် ထိုလူက ရှောင်လုကို ပိုးပန်းနေမှန်း တစ်နှစ်ကြာမှ သိခဲ့ရသည်။

ထိုအချိန်က လောင်ချင်သည် ရှောင်လုက သူ့ကို ထားရစ်ခဲ့မှာ အလွန်စိုးရိမ်မိသည်။ ထိုသို့ဖြစ်လာမှာကို သူ၏ နှလုံးသားထဲမှလည်း အလွန်ကြောက်မိသည်။

ငါ့ယောကျာ်းကို ကွာရှင်းချင်တယ် (Completed)Where stories live. Discover now