အပိုင်း (၅.၂) End

8.6K 1K 82
                                    

((Zawgyi))

အပိုင်း (၅.၂)

💍💍💍

လူတွေက ပြောကြသည်။ အိမ်ထောင်သက် (၇)နှစ်ကျော်လာလျှင် အကြီးအကျယ်ပြောင်းလဲသွားတတ်သည်တဲ့။ အဲ့ဒီအခါကျ အိမ်ထောင်ရေးက ရှေ့ဆက်ဖို့မဖြစ်နိုင်ဘဲ အဆုံးသတ်သွားတတ်သည်။

အဲ့ဒီအချိန်ကို ကျော်နိုင်ခဲ့ရင်တော့ သင်တို့က ဆံဖြူသွားကျိုးသည်အထိ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်လိမ့်မည်။

လွန်ခဲ့သော နှစ်အနည်းငယ်ကစပြီး လောင်ချင်သည် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး ပိတ်ကားနောက်ကွယ်ကသာ အလုပ်လုပ်ခဲ့သည်။ သူက ရှောင်လုအတွက် အချိန်ပိုပေးခဲ့ပြီး သူတို့နှစ်ဦး အချိန်အတော်ကြာ သင့်မြတ်လာခဲ့သည်။ ဒီလိုဆိုမှတော့ သူတို့်အိမ်ထောင်ရေးက သံယောဇဉ်မကြီးဘဲ နေပါဦးမလား?

ထို့ကြောင့် ထိုအိမ်ထောင်သက် (၇)နှစ်မြောက်နေ့ရက်များက ရှောင်လုအတွက် အလွန်ထူးကဲ ကောင်းမွန်ခဲ့သည်။

သို့်သော် ဒီလတွေအတွင်း၌ လောင်ချင်တစ်ယောက် အိမ်မှာမနေရဘဲ ကုမ္ပဏီကိစ္စများနှင့်သာ တစ်နေကုန် ပြေးလွှားနေရသည်။ သူ့ကုမ္ပဏီမှာ ဘာတွေများရှိနေလို့လဲ? ငယ်ငယ်ချောချော မျက်နှာသစ်လေးတွေလား!

အဲ့လို ငယ်ငယ်ချောချောလေးတွေ နေ့တိုင်းဝိုင်းဝိုင်းလည်နေမှတော့ လောင်ချင်က စိတ်မလှုပ်ရှားဘဲ နေမှာလား?

နောက်ပြီး သူက အခုဆို အသက်(၃၀)ဖြစ်ပြီး အိုစာနေပြီလေ။ အသက်ကြီးလာရင် လူတွေရဲ့ နှလုံးသားကလည်း တဖြည်းဖြည်း မှေးမှိန်သွားနိုင်တာပဲ။

ရှောင်လုတစ်ယောက် စိတ်ထဲမှ မသက်မသာခံစားရသည်။ တစ်ချိန်ထဲမှာလည်း မကြာခင်မှာ ကိစ္စကြီးကြီးမားမားတစ်ခုဖြစ်လာတော့မည်ကို သိနေသည်။

ရှောင်လုတစ်ယောက် အတွေးနယ်ချဲ့နေရာမှ ရုတ်တရတ် တစ်စုံတစ်ယောက်က သူ့ခေါင်းလေးကို အသာလာပုတ်သည်။ သူမော့ကြည့်လိုက်တော့ လောင်ချင်က ဘယ်အချိန်ထဲက ရောက်နေမှန်းမသိပေ။

သူက လောင်ချင်ကို တွေဝေမိန်းမောစွာ စိုက်ကြည့်နေရင်း ဘာပြောလို့ ပြောရမှန်းမသိသလို၊ တစ်ချိန်တည်းမှာလည်း သူ့နှလုံးသားးကေ ထိရှလွယ်လာသလိုပင်။

ငါ့ယောကျာ်းကို ကွာရှင်းချင်တယ် (Completed)Where stories live. Discover now