*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ

10.7K 1.9K 5
                                    

ရုန်ယိက ကျန်းစွန်းကျစ်ချန်ကို လက်နက်ပုံကြမ်းရဲ့ အသေးစိတ်ကို ပြောပြလိုက်သည်။ ကျန်းစွန်းကျစ်ချန်က ပုံကြမ်းကို တစ်ကယ်နားလည်ပြီဆိုတာသေချာမှ ကျန်တာကိုစလုပ်ခွင့်ပေးလိုက်သည်။

ကျန်းစွန်းကျစ်ချန် တင်ပလ္လင်ခွေထိုင်ချလိုက်သည်။ ပထမဆုံး ပါဝင်ပစ္စည်းအချို့ကို အရည်ပျော်အောင်လုပ်ဖို့ မီးဖိုထဲကိုပစ်ထည့်လိုက်၏။ အချိန်ခဏကြာတဲ့အခါ နောက်ထပ်ပါဝင်ပစ္စည်းတစ်ချို့ကို သန့်စင်ဖို့အတွက် မီးဖိုထဲ ထပ်ထည့်လိုက်၏။ ပြီးနောက် သူ့ရဲ့ ဝိညာဥ်စွမ်းအင်ကို သုံးပြီး မီးတောက်ကိုထိန်းချုပ်ကာ သူ့စိတ်ထဲမှာရှိနေပြီးသားဖြစ်တဲ့ လက်နက်ရဲ့ ပုံသဏ္ဍာန်အတိုင်းရအောင် ပုံသွင်းတော့၏။

ရုန်ယိသူ့မျက်လုံးအကြည့်တွေကို မီးဖိုပေါ်မှာသာထားထား၏။
" မင်းထုတ်ဖော်ထားတဲ့ မီးတောက်က ပျော့ပြီး အရည်ပျော်အောင်လုပ်တဲ့နေရာမှာ မသင့်တော်ဘူးလို့ထင်ရပေမဲ့ တစ်ကယ်တော့ အဲ့တာက တစ်ခြားမီးတောက်တွေထက် ပိုကောင်းပြီးပြည့်စုံတဲ့ လက်နက်တစ်ခုကို လုပ်ပေးနိုင်တယ်..။ ဖြေးဖြေးလေးလုပ်မှသာ ကောင်းမွန်တဲ့ပစ္စည်းကထွက်လာနိုင်တယ် လို့ပြောကြတယ်မလား..။ မင်းမှာက အဲ့လိုစွမ်းရည်မျိုးရှိနေတယ်..။ မင်းသာ ဆက်လေ့ကျင့်သွားမယ်ဆိုရင် မင်းက တစ်ကယ့်ကိုအလားအလာရှိတယ်..."

ကျန်းစွန်းကျစ်ချန် စိတ်ထဲဗလာဖြစ်သွားရသည်။ သူက တစ်ချိန်ထဲမှာ မီးဝိညာဥ်သွေးကြောနဲ့ ရေဝိညာဥ်သွေးကြောကို ပိုင်ဆိုင်ထားပြီး ဒါတွေက လုံးဝကိုဆန့်ကျင်ဘက် တည်ရှိမှုတွေဖြစ်နေ၏။ တစ်ခုက အခြားတစ်ခုရဲ့ ထိန်းချုပ်ဟန့်တားမှုကို မကြာခဏခံရလေ့ရှိတာကြောင့် သူထုတ်ဖော်လိုက်တဲ့ မီးတောက်က သူများမီးတောက်တွေထက် အပူချိန်လျော့နည်းလေ့ရှိသည်။ ဒါကြောင့် လူတွေက သူ့မီးတောက်က သတ္တုတွေကိုအချိန်တိုအတွင်းအရည်ပျော်စေဖို့မလုံလောက်ဘူးဟု ပြောကြပြီး သူက ပန်းပဲဆရာတစ်ယောက်မဖြစ်နိုင်ဘူးဟုလည်း ပြောကြသည်။ သူ့မိသားစုကတောင်မှ သူ့ကို လက်နက်သန့်စင်နေတာကိုစွန့်လွှတ်လိုက်ဖို့ အကြိမ်များစွာ ဖျောင်းဖျခဲ့ကြသည်။ ဒါကြောင့် သူ့ကိုဒီအလုပ်နဲ့သင့်တော်တယ်လို့ပြောတာက ရုန်ယိက ပထမဆုံးဘဲဖြစ်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now